
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ဆန်စပါးဈေးကွက်တွင် ယခင် ဖေဖော်ဝါရီလအတွင်း အရောင်းအဝယ်သွက်လျက်ရှိသော်လည်း ယခုမတ်လတွင် အရောင်းအဝယ်အေး၍ ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း ဆန်စပါး ဈေးကွက်မှ သိရသည်၊၊
ယခင်ဖေဖော်ဝါရီလအတွင်း ပေါ်ဆန်းစပါး ၁ တင်းကျပ် ၃၀၀၀၀/၃၂၀၀၀ ဈေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်လနှင့်ယခုလစပါးဈေးနှုန်းပြောင်းလဲမှုမရှိပဲ ပေါ်ဆန်း ဆန်တစ်အိတ်လျှင် ယခင်လ ကျပ် ၁၁၀၀၀၀/၁၁၅၀၀၀ ဈေးမှ ယခုမတ်လတွင် ဆန်တစ်အိတ်ကျပ် ၁၀၄၀၀၀/၁၁၀၀၀၀ ဈေးဖြစ်သွား၍ ဆန်တစ်အိတ်ကျပ် ၅၀၀၀/၆၀၀၀ ဈေးနှုန်းကျဆင်းလျက်ရှိပြီး မိုးမနောသုခ ၊ မျိုးပွားစပါး ၁တင်းလျှင် ယခင်လ ကျပ် ၁၈၀၀၀/၁၉၀၀၀ ဈေးမှ ယခုလတွင် စပါးဈေးကျပ် ၁၄၀၀၀/၁၅၀၀၀ ဖြစ်သွားသည့် အတွက် စပါး ၁ တင်းကျပ် ၄၀၀၀ ဈေးနှုန်းကျဆင်းလျက်ရှိပြီး ဆန်တစ်အိတ်လျှင် ယခင်ကျပ် ၆၅၀၀၀/၆၇၀၀၀ ဈေးမှ ယခုဈေးကျပ် ၅၇၀၀၀/၅၈၀၀၀ ဖြစ် သွား၍ ဆန်တစ်အိတ်ကို ကျပ် ၈၀၀၀/၉၀၀၀ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်၊၊
လူနည်းစု စားသုံးမှုရှိပြီး ဈေးတန်းနိမ့်၍ ပြည်တွင်းဈေးကွက်မှာ အရောင်းအဝယ် အများဆုံးဖြစ်သော နွေသီးထပ်ရင်စပါးဈေးနှုန်းမှာ ယခုလဈေး ၁တင်းကျပ် ၁၄၀၀၀ ရက် ၉၀ စပါး ၁တင်းကျပ် ၁၅၀၀၀ ဈေး နွေသီးထပ်ရင် ဆန်တစ်အိတ်ကျပ် ၅၅၀၀၀ ဈေးနှင့် နွေရက်၉၀ဆန်တစ်အိတ်ကျပ် ၅၈၀၀၀ ဈေးနှုန်းရှိသော်လည်း ပုသိမ်ဈေးကွက်မှ ရန်ကုန်နှင့် အညာဒေသဝယ်လိုအား လျော့နည်းမှု၍ ဆန်စပါးဈေးနှုန်းကျဆင်းလျက်ရှိပြီး အရောင်းအဝယ် အေးလျက်ရှိကြောင်း ဆန်စပါးကုန်သည်များထံမှ သိရသည်၊၊
DOCA(ဧရာဝတီ)