ကုန်သွယ်မှုသတင်းများ
ကြက်သွန်ဖြူတွင် တရုတ်မျိုးနှင့် ရှမ်းတောင်မျိုးဟူ၍နှစ်မျိုးရှိပါသည်။ ဈေးကွက်အခေါ် ကြူကုတ်ကြက်သွန်ဖြူမှာ အရွယ်အစားကြီးမားကာ အမွှာကြီးပြီး ရှမ်းမြောက်ဒေသတွင် စိုက်ပျိုးမှုများပါသည်။ အခွံအရောင်မှာ မရမ်းစေ့ရောင်အစင်းကြားများပေါ်နေပါသည်။ ဒေါင်းဥတစ်လုံးမှာ မရမ်းစေ့ရောင်ဖြစ်ပါသည်။ ရှမ်းတောင်ကြက်သွန်ဖြူမှာ ရှမ်းတောင်တစ်ဝိုက်တွင်အစိုက်များပါသည်။ စိုက်ပျိုးသည့်ဒေသများမှာ ပင်လောင်း၊ တောင်တရား၊ တီဂျစ်၊ ဟိုပုံးနှင့် ဆိုက်ခေါင် စသည့်ဒေသများဖြစ်ပါသည်။ အရောင်မှာ အဖြူရောင်ဖြစ်ပြီး ဒေါင်း
မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊ စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌ ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၃ ခုနှစ် ၊ ဇွန်လ စတုတ္ထပတ်အတွင်း မိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော စိုက်ပျိုးရေးထွက်ကုန် ရွှေဘိုပေါ်ဆန်းအသစ် တစ်ပြည် ၄၅၀၀ ကျပ်နှင့် အဟောင်း တစ်ပြည်လျှင် ၅၀၀၀ ကျပ်၊ ဧည့်မထ တစ်ပြည် ၃၂၀၀ နှင့် ငစိန်တစ်ပြည် ၂၆၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် ၆၂၀၀ကျပ်၊ မြေပဲဆီ တစ်ပိသာလျှင် ၁၄၀၀၀ ကျပ် ၊ နှမ်းဆီ တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာ ၂၂၀၀ ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်

မုတ်ကောင်များကိုရှာဖွေ၍မွေးမြူပြီး ပုလဲများထုတ်ယူရရှိသဖြင့် မွေးပုလဲဟုခေါ်ပါသည်။ ရေချိုကမာကောင်များမှ ရေချိုပုလဲကိုရရှိ၍ ရေငံမုတ်ကောင်များမှ ရေငံမွေးပုလဲကိုရရှိပါသည်။ မုတ်ကောင်များကို မျိုးပွားသားဖောက်၍ ပုလဲစုဆောင်းကြရပါသည်။ မွေးပုလဲသည် သဘာဝပုလဲထက် ပေါများလှပါသည်။ သို့သော် ပုံသဏ္ဌာန်အရွယ်အစားနှင့် အရောင်ပေါ်မူတည်၍ သဘာဝနီးပါး ဈေးကြီးလှပါသည်။ မွေးပုလဲတစ်လုံးရရှိရန် မုတ်ကောင်များကို ရှာဖွေစုဆောင်းရပြီး မုတ်ကောင်များ ၃နှစ်သားအရွယ်အထိ မွေးမြူထားပြီး အရွယ်ရောက်လာမှ ရွေးချယ်၍