ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသာ ခရမ်းချဉ်သီး ဈေးနှုန်း

Powered by Drupal

   ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ  စားဖိုဆောင်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြပြီး မိမိတို့မိသားစု စားသုံးပြီး ပိုလျှံမှုများကို မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ရောင်းချကြသည့်အတွက် မိမိတို့ ကန့်ဘလူဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်ကာ လှိုင်လှိုင်ထွက်ရှိလာသည့်အတွက် ဈေးသက်သာပြီး လတ်ဆတ်သော ဒေသတွင်း ခရမ်းချဉ်သီးများကိုသာ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ယခု ဧပြီလ ပထမအပတ်တွင် ဒေသထွက် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ထိုင်ဝမ် ခရမ်းချဉ်သီး အလုံး အကြီး/အသေးပေါ် မူတည်၍ တစ်ပိဿာလျှင်(၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)