ကုန်သွယ်မှုသတင်းများ
ထိုင်းနိုင်ငံသည် ၂၀၂၃ ခုနှစ်၏ ပထမ ၆ လတာကာလအတွင်း ဆန်တန်ချိန် ၄ သန်းကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ရာ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင် ၂၀ ရာခိုင်နှုန်းအထိ မြှင့်တက်တင်ပို့လာခဲ့ကြောင်း Bangkok Post သတင်းဌာနက ဇွန်လ ၂၁ ရက်နေ့၌ ဖော်ပြပါသည်။
အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ အကျိုးသက်ရောက်မှုများကို ရင်ဆိုင်ထိန်းသိမ်းနိုင်ရန် အတွက် နိုင်ငံအများအပြားက အလျင်စလို ဝယ်ယူစုဆောင်းနေကြသဖြင့် ကမ္ဘာ့ဆန်ဝယ်လိုအား မြင့်မားလာပြီး ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုမှာ တန်ချိန် ၈ သန်းကျော်သို့ ရောက်ရှိလာနိုင်ကြောင်း ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Jurin Laksanawisit က ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံ၏ တရုတ်နိုင်ငံသို့ ဝါဂွမ်းတင်ပို့မှုပမာဏသည် လာမည့်နှစ်များအတွင်း အမေရိကန်နိုင်ငံကို ကျော်လွန်မည်ဟု ခန့်မှန်းထားပြီး အဓိကကုန်စည်များကို ကုန်သွယ်မှုပြုရာတွင် တရုတ်နိုင်ငံငွေကြေးဖြစ်သည့် ယွမ်ငွေကို အသုံးပြုသွားနိုင်ရေး စီစဉ်လျက်ရှိကြောင်း ဘရာဇီး ဝါသီးနှံစိုက်ပျိုးသူများအသင်း၏ နိုင်ငံတကာဆက်ဆံရေးဌာန၊ ညွှန်ကြားရေးမှူး Mr. Marcelo Duarte Monteiro က ဇွန်လ ၁၆ ရက်၊ သောကြာနေ့တွင် Global Times သတင်းစာသို့ ပြောကြားခဲ့ပါသည်။

အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇွန်လ(၁၄)ရက်နေ့မှ ဇွန်လ (၂၀)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝ
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇွန်လ(၁၄) ရက်နေ့ မှ ဇွန်လ(၂၀) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၄၀၀၀ ၊ အလုံးလတ် ကျပ် ၃၅၀၀၊ အလုံးသေး ကျပ် ၂၅၀၀၊ ပုပ္ပါးမှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀၊ အလုံးသေး ကျပ် ၃၀၀ ၊ ကျိုက်ကော်မှ နာနတ်သီး အလုံးကြီး ကျပ် ၁၈၀၀ ၊ အလုံးလတ် ကျပ် ၁၅၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀ ၊ တိုက်ကြီးမှ သရက်သီး (စိန်တလုံး) အလုံးကြီး ကျပ် ၂၆၀၊ အလုံးလတ် ကျပ် ၂၀၀၊ အလုံးသေး ကျပ်