ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Jun 2023

     ဂွေးသီးပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးသော အပင်အမျိုးအစားဖြစ်ပါသည်။ ဂွေးချိုသီးနှင့် ဂွေးချဉ်သီးဟူ၍ အမျိုးအစား(၂)မျိုးရှိပါသည်။ ဂွေးချဉ်သီးမှာ အများအားဖြင့် ငပိချက် ချက်၍ စားသောက်ခြင်း၊ အချဉ်ထည့်၍စားသောက်ခြင်း၊ ထောင်း၍စားသောက်ခြင်းများ ပြုလုပ် ကြပါသည်။ ဂွေးချိုသီးကတော့ ငရုတ်သီးမှုန့်ဖြင့် တို့စား၍လည်းကောင်း၊ အချဉ်ပေါင်း ပြုလုပ်၍ လည်းကောင်း သားရေစာအဖြစ်စားသုံးကြပါသည်။ ဂွေးသီးတွင် ကယ်လိုရီပါဝင်မှု လျော့နည်းခြင်း၊ နှလုံးရောဂါဖြစ်ပွားမှုကာကွယ်ပေးခြင်း၊ အမျှင်ဓ

26 Jun 2023

     ကြက်ဟင်းခါးသီးသည် ခါးသက်သက်အရသာရှိပြီး အပူပိုင်းစိုစွတ်သည့် ရာသီတွင် ပေါက်ရောက်လေ့ရှိကာ အဓိကအားဖြင့် အာရှတိုင်းပြည်များနဲ့ တောင်အမေရိကတွင် အများဆုံး တွေ့ရပါသည်။ ကြက်ဟင်းခါးသီးသည် ကယ်လိုရီပမာဏပါဝင်မှု အလွန်နည်းပါသည်။ ဗီတာမင် B1 ၊ B2 နဲ့ B3 ၊ ဗီတာမင်စီနှင့် အမျှင်ဓါတ်များပါဝင်ပါသည်။ သံဓါတ်များပြီး သွေးတွင်း သကြားဓါတ်ကိုကျစေသည့် အင်ဆူလင်ကဲ့သို့ ဒြပ်ပေါင်း တစ်မျိုးပါဝင်သောကြောင့် ဆီးချိုရောဂါရှိသူ တစ်ချို့အတွက် ကောင်းကျိုးရရှိစေပါသည်။

26 Jun 2023

    ပြည်ခရိုင်တွင် ယခု ၂၀၂၃ခုနှစ်၊ ဇွန်လဆန်းမှစတင်၍ နှမ်းများကိုစိုက်ပျိုးရန် ပြင်ဆင်နေချိန်ဖြစ်သဖြင့် ပြည်ဈေးကွက်၌ နှမ်းနက်ဝင်ရောက်မှုနည်းသွားသည်ကိုတွေ့ရပြီး ပွဲရုံများတွင် လက်ကျန်နှမ်းအနည်းငယ်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ဒေသရှိ ပွဲရုံများသို့ မန္တလေးနှင့် အောင်လံဘက်မှ အဝယ်ရှိသော်လည်း နေ့စဉ်မဟုတ်ဘဲ ရံဖန်ရံခါသာ အဝယ်ရှိသဖြင့် အိတ် (၄၀/၅၀) ခန့်သာအဝယ်ရှိနေခဲ့ပါသည်။ ဝယ်လိုအားနည်းသွားပြီး အဝင်လည်းမရှိသလောက် နည်းသွားသော်လည်း နှမ်းဈေးများမှာ အနည်းငယ်မြင့်တက်လာခဲ့ပါသည်။

26 Jun 2023

         ပြည်ခရိုင်အတွင်းရှိ အခြားမြို့နယ်များတွင် နွေစပါးများပေါ်ထွက်နေပြီဖြစ်သော်လည်း ပြည်မြို့တွင် ယခင်အပတ်မှစတင်၍ နွေစပါးများထွက်ရှိလာ၍ မနောသုခ (အစို) ပေါင်(၅၀)လျှင် (၁၇)သိန်းကျပ်ကျော်၊ မှော်ဘီစပါး (အစို) ပေါင်(၅၀)လျှင် (၁၆)သိန်း ကျပ်ကျော် ဈေးဖြစ်လျက်ရှိကြောင်း သိရပါသည်။ စပါးအဟောင်းမှာ မှော်ဘီစပါးပေါင်(၅၀)လျှင် (၁၈၂၀၀၀၀)ကျပ်၊ ကရင်မ စပါးပေါင်(၅၀)လျှင် (၁၈၂၀၀၀၀)ကျပ်၊ ဈေးဖြစ်၍ ဆန်ဈေးများမှာ ရွှေဘိုပေါ်ဆန်းမွှေး (၂၄)ပြည် တစ်အိတ်လျှင် (၁၁၆၀၀၀)ကျပ်၊ ဧည့်မထ(အဟောင်း) (၂၄)ပြည်တစ

26 Jun 2023

        ပြည်မြို့၏ ဟင်းသီးဟင်းရွက် သစ်သီးဝလံ ဈေးကွက်တွင် ယခုလို မိုးဦးရာသီတွင်သာ ထွက်ပေါ်သော ရာသီစာ တစ်မျိုးဖြစ်သည့် အင်ဥများ ဇွန်လဆန်းပိုင်းမှစ၍ ရောင်းချမှုများ ရှိလာပါသည်။ အင်ဥသည် အင်ပင်မှကြွေကျထားသော အရွက်တွေအောက်တွင် ပေါက်ရောက်သော ဥ တစ်မျိုး ဖြစ်လို့ အင်ဥ ဟု ခေါ်ဆိုကြခြင်းဖြစ်ပါသည်။ တချို့ဒေသများမှာတော့ မှိုဥ ၊ မှိုလုံးလို့ ခေါ်ဆိုကြပြီး မိုးဦးကျရာသီ အင်ပင်တွေရဲ့အောက် မြေကြီးအက်ကွဲနေသော နေရာများတွင် ဓား / ဝါးချွန်များဖြင့် ယက်ဖြဲ၍ ရှာဖွေကြရပါသည်။ အင်ဥအား မြန်မာနိုင်ငံတွ

Pages