ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Jun 2023

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

21 Jun 2023

          စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပါသည်။ ရှေးယခင်ကတည်းက သီးနှံစိုက်ပျိုးရာတွင် သဘာဝမြေဩဇာတစ်မျိုးဖြစ်သည့် နွားချေးကို အသုံးပြုစိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိပါသည်။

21 Jun 2023

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဟူသော မျှော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံများ၏ သီးနှံဈေး

21 Jun 2023

         စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ ဇွန်လ (ဒုတိယပတ်) တွင် စပါး/ဆန်ဈေးနှုန်းများမှာ မြင့်တက်လာပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ (ဒုတိယပတ်) တွင်  ရန်ကုန်သို့ အိတ်ရေ(၁၀၈၅၀)အိတ်၊ မန္တလေးသို့ အိတ်ရေ(၂၃၃၇၀)အိတ်၊ နေပြည်တော်သို့ အိတ်ရေ (၇၀၀၀)အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ(၅၀၀၀)အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ (၅၀၀၀)အိတ်၊ ပခုက္ကူသို့ အိတ်ရေ (၃၀)အိတ်၊ စုစုပေါင်းအိတ်ရေ (၅၁၂၅၀)အိတ်၊ တန်အားဖြင့် (၂၅၆၂) တန်

21 Jun 2023

    ကယားပြည်နယ်တွင် တည်ဆောက်ရေးလုပ်ငန်းများ၊ အုတ်ရိုက်လုပ်ငန်းများအတွက် လိုအပ်သောဘိလပ်မြေကို အခြားဒေသများမှ တင်သွင်းကြပြီး          အိမ်ဆောက်ပစ္စည်းမျိုးစုံကိုလည်း တင်သွင်းကြပါသည်။ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ တတိယအပတ်အတွင်း ဖြစ်ပေါ်နေသောဘိလပ်မြေဈေးနှုန်းများမှာ Apache တစ်အိတ်လျှင် (၉၈၀၀) ကျပ်၊ KBZ တစ်အိတ်လျှင် (၉၆၀၀) ကျပ်နှင့် Dragon တစ်အိတ်လျှင် (၉၆၀၀) ကျပ်ဖြစ်ပြီး ယခင်မေလအတွင်း ရောင်းချခဲ့သော ဘိလပ်မြေဈေးနှုန်းများမှာ Apache တစ်အိတ်လျှင် (၁၀၈၀၀) ကျပ်၊ KBZ တစ်အိတ်လျှင် (၁၀၈၀၀) ကျပ်န

Pages