ကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ရွှေဖရုံသီးကိုမေလတွင်စိုက်ပျိုးပြီး ဇူလိုင်လတွင် အသီးများ စတင်ခူးဆွတ်ပါသည်။ ရွှေဖရုံသီးများစိုက်ပျိုးနေချိန်ဖြစ်သဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၇.၆.၂၀၂၃)ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်း လေ့လာခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခမျာ
ကမ္ဘာ့ထိပ်တန်းရေနံသုံးစွဲသည့် အိန္ဒိယနှင့်တရုတ်နိုင်ငံတို့သည် ၂ဝ၂၃ ခုနှစ်မေလအတွင်း ရေနံ ၈ဝ ရာခိုင်နှုန်းကို ရုရှားနိုင်ငံမှ ဝယ်ယူခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာစွမ်းအင်အဖွဲ့အစည်းမှ ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် ရှရှားနိုင်ငံမှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၂ သန်းနီးပါးနှင့် တရုတ်နိုင်ငံသည်လည်း တစ်နေ့လျှင် ရေနံစည်ပေါင်း ၅ဝဝဝဝဝ မှ ၂.၂ သန်းအထိ ဝယ်ယူလျက်ရှိကြောင်းနှင့် ရုရှားနိုင်ငံမှ ရေနံစိမ်းတင်ပို့မှုမှာလည်း မေလအတွင်း တစ်နေ့လျှင် ရေနံစည်ပေါင်း ၃.၈၇ သန်း ရှိကြောင်း သိရှိရပါသည်။
ပြည်တွင်း၌ ရောင်းလိုအား လျော့ပါးလျက်ရှိမှုနှင့်အတူ အစိုးရက ဈေးပေးဝယ်ယူမည့် အခြေခံစပါးရည်ညွှန်းဈေးနှုန်းကို တိုးမြှင့်လိုက်ခြင်းက မတ်လအစောပိုင်းကာလရှိ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက အိန္ဒိယ၏ အဓိကထိပ်တန်းဆန်တင်ပို့မှု ဈေးနှုန်းများသည် အမြင့်ဆုံးနှုန်းသို့ မြင့် တက်ခဲ့ပါသည်။ အိန္ဒိယအစိုးရသည် ရှေ့လာမည့်သီးနှံရာသီ၌ စိုက်ပျိုးထွက်ရှိသော စပါးများကို ယခင်နှစ်ဈေးနှုန်းထက် ၇% တိုးမြှင့်လျက် ၁၀၀ ကီလိုဂရမ်လျှင် ရူပီးငွေ ၂၁၈၃ နှုန်းဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့၌ ထုတ်ပြန

ဗီယက်နမ်နိုင်ငံနှင့် အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုသည် ၂ဝ၂၅ တွင် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်။ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တော် ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှုမြှင့်တင်ရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Tran Phu Lu က ဟိုချီမင်းမြို့တော်သည် မလေးရှားရင်းနှီး မြှုပ်နှံသူများအတွက် နှစ်လိုဖွယ်စီးပွားရေး ပတ်ဝန်းကျင်ကောင်းဖြစ်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တို့ကို စီစဉ
