ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 Jun 2023

    အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၃ခုနှစ်၊ ဇွန်လ (၃) ရက်နေ့မှ ဇွန်လ (၁၃) ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း၊ ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိ

19 Jun 2023

   မှိုသုံးနှစ်၊ မျှစ်သုံးလဟူ၍ မြန်မာဆိုရိုးစကားရှိပါသည်။ မျှစ်နု၊ ဝါးပင်နုနု (သို့) ရက်သတ္တနှစ်ပတ် အရွယ်မတိုင်ခင် အမြင့်တစ်ပေမပြည့်ခင်မှာ ခူးဆွတ်ထားတဲ့ ဝါးပင်ရဲ့ သားတက်လေးများဖြစ်ပါသည်။ စားလိုက်ရင်ခပ်ကြွပ်ကြွပ်လေးနှင့် အလွန်ပင်စားကောင်းလှပါသည်။ မျှစ်တွင် ပရိုတင်း ကြွယ်ဝသလို ကယ်လိုရီပါဝင်မှု ကယ်လိုရီပါဝင်မှုနည်းပါးသဖြင့် မျှစ်စားသုံးခြင်းက ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။ အမျှင်ဓါတ်ကြွယ်ဝတာကြောင့် အစာကြေစေနိုင်ပြီး ဝမ်းမှန်စေနိုင်ပါသည်။ ယခုလိုရာသီတွင် ပေါ်ဦးပေါ

19 Jun 2023

          ဝဥကြာဇံသည် ဂလူကိုမန်နန်အမှုန့်အား ရေ အဆ(၅၀) ခန့်နှင့်ရောပြီးလျှင် ကယ်လဆီယမ် ဆားရေနှင့်ရောစပ်ကာပြုလုပ်ထားခြင်းဖြစ် ကြောင်းသိရှိရပါသည်။ ဝဥကြာဇံသည် လွန်ခဲ့သော နှစ်နှစ်ခန့်မှစ၍ ဈေးကွက်အတွင်း ဝယ်ယူစားသုံးမှု များပြားလာသော ကုန်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ ဝဥကြာဇံသည် တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံတို့အပါအဝင် အာရှနိုင်ငံအများစုတွင် (Diet) ပြုလုပ်နေသူများအကြားရေပန်းစားလူကြိုက်များပြီး Zero Noodle  အမည်ဖြင့်လည်း ကျော်ကြားပါသည်။

19 Jun 2023

      ပြည်ပဲဈေးကွက်အတွင်း ပဲမျိုးစုံသီးနှံများ ဈေးကောင်းရလျက်ရှိပြီး ပြည်ပဈေးကွက်ဝင်သီးနှံများအပြင် ပြည်တွင်းလက်လီ/လက်ကားရောင်းဝယ်နေသော ပဲများအနက် ထောပတ် ပဲ၊ ပဲနီပြားသီးနှံများမှာ ပြည်ပဈေးကွက်ဝင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲသီးနှံများကဲ့သို့ပင် ကျပ် (၈)သောင်းအထက် ရရှိနေကြောင်း သိရပါသည်။ ထောပတ်ပဲသီးနှံမှာ ပြည်ဈေးကွက်၌ ပိဿာ(၂၀) တစ်တင်းလျှင် (၈၆၀၀၀)ကျပ်ဖြင့် လက်ကားဝယ်ယူမှုထက် လက်လီအဝယ်သမားများဖြင့် အရောင်းအဝယ်ပိုမိုဖြစ်ခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် တစ်ရက်အိတ် (၂၀)ကျော် ရောင်းဝ

19 Jun 2023

    ယခုတစ်ပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ ကုလားပဲနှင့် ပဲစင်းငုံသီးနှံများအနေဖြင့် ဈေးပြိုင်ရလျက်ရှိနေကြောင်း သိရပါသည်။ မတ်ပဲသီးနှံဈေးမြင့်တက်လာသော်လည်း ကုလားပဲနှင့် ပဲစင်းငုံဈေးကို မမီဘဲ ကျပ် (၈)သောင်းအောက်သာ ရရှိနေခဲ့ပါသည်။ ကုလားပဲသီးနှံမှာ တစ်တင်း (၈၅၀၀၀)ကျပ်ဖြင့် ဈေးအမြင့်ဖြင့် ဆက်လက်အရောင်းအဝယ်ဖြစ်နေပြီး ပဲခွဲစက်သမားများအပြင် ရန်ကုန်ဝယ်လက်ပါ အဝယ်ရှိနေတာကြောင့် တစ်ရက်အိတ် (၂၀၀/၃၀၀)ကျော် ရောင်းဝယ်မှုရှိခဲ့ကြပါသည်။ ပဲအဝင်မရှိဘဲ လက်ကျန်ပဲများရှိနေသောကြောင့် ဈေးကွက်အတွင်း ဝယ်လ

Pages