ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 Jun 2023

   သနပ်ဖက်သည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် သောက်သုံးနေသည့် ဆေးပေါ့လိပ်၏ လိပ်ထားသည့် သစ်ရွက်ဖြစ်သည်။ သနပ်ဖက်ကို လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်က မြန်မာနိုင်ငံ ကိုလိုနီခေတ်လက်အောက်ကျရောက်သည့် အချိန်တွင် စတင်လုပ်ကိုင်လာသည်ဟု သိရပါသည်။ သနပ်ဖက် လုပ်ငန်းသည် ရှမ်းပြည်နယ်၏ အဓိကလုပ်ငန်းတစ်ရပ်ဖြစ်ပြီး တော၊တောင်များကို ရှင်းလင်းပြီး သနပ်ဖက်ပင်များကို စိုက်ပျိုးကြသည်။သနပ်ပင်တစ်ခြံလျှင် အပင်ရေ ၅၀ မှ ၄၀၀၀ အထိ စိုက်ပျိုးကြသည်။ရေမဝပ်သော တောင်ခါးပန်းများတွင် စိုက်ပျိုးကြပြီး ပြာသို၊ တပို့တွဲလမျ

19 Jun 2023

    ချောင်းဆုံမြို့နယ်၊ ကော့မုပွန်ကျေးရွာ တောင်သူအချို့မှာ ပဲမှိုတစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေများရရှိကြောင်း သိရှိရပါသည်။ တန်ခူးလတွင် မတ်ပဲပင်များကိုရိတ်သိမ်း၍ အသီးများကိုခြွေပြီး ရရှိလာသောအရိုးနှင့်အပင်များကို စုပုံထားရှိကာ မိုးရာသီတွင် မိုးများများရွာသွန်းခြင်းကြောင့် အစိုဓာတ်ဖြင့် ပဲပင်မှ မှိုအစို့အညှောက်ပေါက်လာပြီး ပဲမှိုများရရှိသည်။

19 Jun 2023

   ခရဲသီး(ခ)ဖရဲသီးသည် (၁)နှစ်မှာ (၁)ခါသာ စိုက်ပျိုး၍ ရသော ရာသီစာဖြစ်ပါသည်။ ခရဲသီး စိုက်ရာတွင် ရေဝပ်သောနေရာမှလွဲ၍ မြေအမျိုးအစားမရွေးစိုက်၍ရကြောင်း၊ ကုန်းမြေများကို အဓိကထား၍ စိုက်ကြကြောင်း၊ ခရဲသီးများကို တပေါင်းလတွင် စ၍စိုက်ကြပြီး ကဆုန်လများတွင် ခူးဆွတ်ကြကြောင်း၊ ခရဲစိုက်ပျိုးရာတွင် ကျင်းတူး၍ စိုက်ပျိုးရကြောင်း၊ အပင်ခြား (၅)တောင်ပတ်လည် ထား၍ (၁)ကျင်းကို ခရဲမျိုးစေ့ (၃)စေ့မှ (၅)စေ့ထိ စိုက်ပျိုးကြောင်း သိရှိရပါသည်။

16 Jun 2023

    ၁၈.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည

16 Jun 2023

     ၁၇.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages