ပန်းတနော်မြို့နယ်တွင် ဒေသထွက် ဖရဲသီးများ အရောင်းအဝယ်သွက်နေ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ၊ ပန်းတနော် မြို့နယ်မှ ထွက်ရှိသော ဖရဲသီးများကို ဒေသတွင်းဖြစ်သည့် ပုသိမ်၊ ကျောင်းကုန်း၊ ချောင်းသာ၊ ဇလွန်၊ ငွေဆောင်တို့ အပြင် ရန်ကုန်ဈေးကွက်ကပါ ဝယ်ယူနှုန်းမြင့်မားနေကြောင်း သိရှိရပါတယ်။ ပန်းတနော်မြို့နယ်တွင် ဖရဲသီးကို မြေနုကျွန်းဒေသများတွင် အများဆုံး စိုက်ပျိုးကြပြီး ယခုနှစ်တွင် ကျေးရွာ(၁၄) ရွာတို့ရှိ တောင်သူ (၁၀၄) ဦးတို့က ဖရဲကို စိုက်ပျိုးကြပါတယ်။ တောင်သူတစ်ဦးလျှင် ဖရဲစိုက်ခင်း (၁ ဧက မှ ၅ ဧက အထိ) စိုက်ပျိုးကြပါတယ်။ လက်ရှိတွင် ဖရဲသီးတစ်လုံးသည် (၂၀၀၀ ကျပ် မှ ၉၀၀၀ ကျပ်အထိ) ပေါက်ဈေးရှိနေကြောင်း သိရှိရပါတယ်။

DOCA(ဧရာဝတီ)