ပုသိမ်မြို့နယ်တွင် ကန်စွန်းဥဈေးနှုန်း တည်ငြိမ်မှုရှိနေ၊ တောင်သူများ အကျိုးအမြတ်ရရှိ

Powered by Drupal

     ပုသိမ်မြို့နယ်အတွင်းရှိ လယ်ယာစိုက်ပျိုးရေးဈေးများတွင် ကန်စွန်းဥဈေးနှုန်း ယခုလအတွင်း တည်ငြိမ်နေပြီး တောင်သူများ အကျိုးအမြတ်ကောင်းရရှိနေကြောင်း သိရသည်။ ကန်စွန်းဥစိုက်ပျိုးမှု တိုးမြင့်လာခြင်းနှင့်အတူ ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားလည်း ကောင်းမွန်လျက်ရှိသည်။

     ကန်စွန်းဥအား ပုသိမ်မြို့နယ်အတွင်းသာမက ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများသို့လည်း တင်ပို့ရောင်းချနေရပြီး စားသုံးသူများ၏ အာဟာရလိုအပ်ချက်နှင့် ကျန်းမာရေး အသိပညာတိုးလာမှုကြောင့် ဝယ်လိုအား ပိုမိုမြင့်တက်လာသည်။ ပုသိမ်မြို့နယ်၊ ရွာသစ်ကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူက " ဒီနှစ်မှာ ကန်စွန်းဥဈေးကောင်းနေတဲ့အတွက် ဝင်ငွေတိုးလာပါတယ်။ မိုးခေါင်ရေရှားဒဏ်ကို ခံနိုင်တဲ့သီးနှံဖြစ်တာကြောင့် စိုက်ပျိုးရတာ စိတ်ချရပါတယ်" ဟု ပြောကြားခဲ့ပါသည်။

     ပုသိမ်မြို့နယ်ရှိ ကျေးရွာနှင့်မြို့ဈေးများတွင် ကန်စွန်းဥအား အောက်ပါဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိရာ အကြီး (တစ်ပိဿာ)လျှင် ၂,၅၀၀ ကျပ် မှ ၃,၀၀၀ ကျပ် ၊ အလတ် (တစ် ပိဿာ)လျှင် ၂,၀၀၀ ကျပ် မှ ၂,၅၀၀ ကျပ် ၊ အသေး (တစ်ပိဿာ) - ၁,၅၀၀ ကျပ် မှ ၂,၀၀၀ ကျပ် ဖြစ်ပြီး ထိုဈေးနှုန်းများသည် ယခုနှစ်အတွက် အတန်အသင့်မြင့်မားနေပြီး ယခင်နှစ်ထက် ၁၅% မှ ၂၀% အထိ တိုးတက်လာကြောင်း သိရသည်။

DOCA(ဧရာဝတီ)