မော်လမြိုင်ကျွန်းမြို့နယ် မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ငါးပိမျိူးစုံတင်ပို့ရောင်းချနိုင်ခဲ့

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ၊ မော်လမြိုင်ကျွန်းမြို့နယ် မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း၌ ငါးပိမျိုးစုံ ပိဿာချိန်(၇၅၀၀၀) အထိတင်ပို့နိုင်ခဲ့သော်လည်း ဖေဖော်ဝါရီလအတွင်း၌ ထိုင်းဘေးငါးပိမျိုးစုံ ပိဿာချိန်(၉၅၀၀၀) အထိ တင်ပို့နိုင်ခဲ့ကြောင်းကို ငါးပိ/ ငါးခြောက် ရောင်းဝယ်ရေး ပွဲရုံပိုင် ရှင်များ ထံမှသိရှိရပါတယ်။ မော်လမြိုင်ကျွန်းဒေသမှ ထွက်သော ငါးပိများ ဖြစ်သည့် ငါးရံ့ငါးပိ၊ ငါးခုံးမငါးပိ၊ ဂျပန်ငါးပိ၊ ငါးပနော်ငါးပိ၊ ငါးပြေမငါးပိ စသည့် ရေချိုငါးပိများကို  ရန်ကုန်မှ ဈေးကွက်များမှ ဝယ်ယူခြင်းများ ရှိနေပြီး ငါးပိတစ်ပိဿာလျှင် ငွေကျပ်(၁၆၅၀၀၀၀) အထိ  ပေါက်ဈေးရှိနေကြောင်း သိရှိရပါ တယ်။

DOCA(ဧရာဝတီ)