
ဧရာဝတီတိုင်းဒေသကြီး ၊ ငပုတောမြို့နယ်မှ စိုက်ပျိုးထွက်ရှိသော ပီလောပီနံဥများသည် အရည်အသွေးကောင်းမွန်ပြီး အလုံးအထည်ကြီးမားလှသည့်အတွက် လူကြိုက်များလှသည့်အတွက် တောင်သူများ အရောင်းအဝယ်ကောင်းနေသည်ဟု ပွဲရုံပိုင်ရှင်များထံမှ သိရှိရပါသည်။ ငပုတော ဒေသထွက် ပီလောပီနံများသည် မတ်လဒုတိယပါတ်လောက်မှ စ၍ ယနေ့အချိန်အထိ အရောင်း အဝယ် ကောင်းမွန်နေခြင်း ဖြစ်ပြီး ပီလောပီနံ တစ်ပိဿာလျှင် ငွေကျပ်(၄၅၀၀) အထိ ပေါက်ဈေးရှိနေကြောင်း သိရှိရပါတယ်။
DOCA(ဧရာဝတီ)