ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Jun 2023

   ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ ၈.၆.၂၀၂၃ မှ ၁၄.၆.၂၀၂၃ ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၂၅၅၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၈၈၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၂၀၀ ကျပ်မှ ၃၀၀၀ ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေး မှာ ၁ပိဿာလျှင် ၆၈၀၀ က

27 Jun 2023

    ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဝါးမျှစ်ဆွတ်ခူးသော ရာသီကျရောက်နေသည့် မိုးရာသီစတင်ဝင်ရောက်လာပြီဖြစ်သည့်အတွက် မျှစ်နုလေးများထွက်ပေါ်လာသည့်အချိန်ဖြစ်ပါသည်။ မျှစ်သည် မိုးရာသီတွင်ပေါ်ထွက်ပြီး လူကြိုက်များသောအစားအစာဖြစ်ပါသည်။ မျှစ်နုကိုချိုး၍ မျှစ်စပ်လုပ်စားကြသည့်အပြင် ပြုတ်၍လည်းစားကြပါသည်။ မျှစ်စပ်ကို ယခုအချိန်တွင် ဈေးကွက်ထဲ၌ ရောင်းချသဖြင့် စားသုံးသူများသည် ပေါ်ဦးပေါ်ဖျားဝယ်ယူ၍စားသုံးကြပါသည်။ ဆေးပင်သုတေသနပြုချက်အရ ဝါးပင်မှ ဝါးရွက်သည် သွေးအတွင်းရှိ ကိုလက်ထရောကိုကျစေကာ ကိုယ်လ

27 Jun 2023

     ၂၀၂၃ ခုနှစ် ၊ ဇွန်လ တတိယပတ်အတွင်းမိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ စိုက်ပျိုးရေးထွက်ကုန် ရွှေဘိုပေါ်ဆန်းအသစ် တစ်ပြည် ၄၅၀၀ ကျပ်နှင့်အဟောင်း တစ်ပြည်လျှင် ၅၀၀၀ ကျပ်၊ ဧမထ တစ်ပြည် ၃၂၀၀ နှင့် ငစိန်တစ်ပြည် ၂၈၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၈၅၀ကျပ်၊ မြေပဲဆီ တစ်ပိသာလျှင် ၁၄၀၀၀ ကျပ် ၊ နှမ်းဆီတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာ ၂၁၀၀ ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင

27 Jun 2023

     မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်တွင် မိုးနှမ်းများအောင်မြင်စွာစိုက်ပျိုးလျက်ရှိပြီး ၂၀၂၃ ခုနှစ်တွင် မိုးနှမ်းစိုက်ဧက (၁၆၅၅၀) ဧကစိုက်ပျိုးရန်လျာထားလျက်ရှိရာ အမှန်စိုက်ပျိုးဧက ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် (၁၆၅၂၃) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာနစာရင်းများအရ သိရှိရပါသည်။

27 Jun 2023

   မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်း မိုးနေကြာများကို စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး စင်‌ရွှေကြာ (၂)မျိုး၊ ရေဆင်း(၁)မျိုးနှင့် ရာစောင့်တဲနေကြာမျိုးများကို အများဆုံး စိုက်ပျိုးကြပါသည်။ မိုးနေကြာကိုဇွန်လဆန်းမှ စတင်စိုက်ပျိုးပြီး စက်တင်ဘာလကုန်တွင် ရိတ်သိမ်းကြောင်းသိရှိရပါသည်၊၊ မျိုးသန့်နေကြာမျိုးစေ့များကို (၂)ပြည်တစ်အိတ်(၂၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး တစ်ဧကလျှင်နှစ်ပြည်အိတ် နှစ်အိတ်ကြဲပတ်ရကြောင်း သိရှိရပါသည်။

Pages