ကုန်သွယ်မှုသတင်းများ
ကယားပြည်နယ်တွင် စားဖိုဆောင်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်ငရုတ်သီးကို မိုးတွင်းနှင့် ဆောင်းတွင်းတွင်စိုက်ပျိုးကြပြီး လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာ၊ ရွာတန်းရှည်ကျေးရွာ၊ ကုန်းသာကျေးရွာနှင့် လင်ဖုံလေးကျေးရွာတို့တွင်အဓိကစိုက်ပျိုးလျက်ရှိသည့်အပြင် ငရုတ်သီးကို အခြားမြို့များဖြစ်သော ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ ဝမ်းတွင်းဒေသမှလည်း ဝင်ရောက်လျက်ရှိရာ ငရုတ်သီးခြောက်တောင့်ရှည်နှင့် အပုခြောက် (ကုလား အော်သီးခြောက်)ဟူ၍ (၂)မျိုးရှိရာ ငရုတ်သီးခြေ
ကယားပြည်နယ်သည် စပါး၊ ပြောင်းနှင့် ဆီထွက်သီးနှံတို့အပြင် ပဲစင်းငုံသီးနှံကိုလည်း အနည်းငယ်စိုက်ပျိုးကြပါသည်။ (၂၀၂၂-၂၀၂၃) ခုနှစ်၊ ပြည်နယ်အတွင်း ပဲစင်းငုံစိုက်ဧကမှာ (၄၅၉၆)ဧက၊ ရိတ်ဧက(၄၅၉၆)ဧက၊ တစ်ဧကအထွက်နှုန်းမှာ(၁၃)တင်းခန့်နှင့် စုစုပေါင်းအထွက်နှုန်းမှာ (၆၁၀၅၈)တင်းထွက်ရှိကြောင်း သက်ဆိုင်ရာဌာနစာရင်းအရ သိရှိရပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ဧပြီလ(နောက်ဆုံးပတ်)က 92 RON တစ်လီတာလျှင် ၂၀၉၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၈၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၀၂၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၁၀၀ကျပ်တို့ရှိခဲ့ပါသည်။
ယခုအပတ်တွင် 92 RON တစ်လီတာလျှင် ၁၉၂၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၀၁၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၈၇၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၁၉၅၀ကျပ်တို့ရှိခဲ့ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။