ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး) တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ ကျပ်ထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကုလားအော်သီးစိမ်းမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၆၀၀၀ကျပ်မှ ယခု ၂၀၂၃ခုနှစ်၊ မေလဆန်းပိုင်းတွင် ၇၅၀၀ကျပ်မှ ၈၀၀၀ကျပ်ထိဖြင့် ဈေးမြင့်တက်နေပါသည်။

ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ၂၀၂၃ခုနှစ်၊မေလ(ဒုတိယပတ်)တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပုပ္ပားမြို့နှင့် မတ္တရာမြို့မှထွက်ရှိသည့် မာလကာသီး တစ်လုံးလျှင်(၂၀၀)ကျပ်မှ(၃၀၀)ကျပ်ထိ၊ဒေသတွင်းနှင့် ပြင်ဦးလွင်မြို့မှ စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်ထိ၊ ပန်းသီးတစ်လုံးလျှင် (၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်ထိ၊ပန်းသစ်တော်သီး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ မရမ်းချိုသီး တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ စိန်တစ်လုံး သရက်သီး တစ်လုံးလျှင် (၂၀၀)ကျပ်မှ (၇၀၀)ကျပ်ထိ
အုတ်တွင်းမြို့၊ မဲကုန်းရပ်ကွက်၊ စစ်တောင်းလမ်းရှိ လူထုဆီစက်သည် ဒေသတွင်းမှထွက်ရှိသည့် နေကြာ၊ မြေပဲနှင့်နှမ်းများကို လာရောက်ကြိတ်ခွဲသူများရှိပါက နဝလီကြိတ်ခွဲပေးခြင်း၊ လာရောက်ရောင်းချသူများထံမှဝယ်ယူ၍ ကြိတ်ခွဲခြင်းဖြင့် လည်ပတ်လျက်ရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏အရှေ့ဘက်ရှိ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ ဒူးရင်းသီးများအား တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရောင်းချလျက်ရှိနေပါသည်။ သင်္ကြန်ကာလအတွင်းမှစ၍ ၎င်းဒူးရင်းသီးများကို လိုက်ထရပ်ကားများဖြင့်သယ်ယူ၍ စတင်ရောင်းချကြပါသည်။
ဒူးရင်းသီးများမှာ ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးကောင်းရရှိနေကာ တစ်လုံးလျှင် အသေး/အကြီးပေါ်မူတည်၍ ၅၀၀၀ကျပ်၊ ၇၀၀၀ကျပ်၊ ၈၀၀၀ကျပ်၊ ၁၀၀၀၀ကျပ် စသည်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိပါသည်။