တပိုင်တစ်နိုင် လုပ်ကိုင်နေသော ပုဂံ (ရွှေပင်) ပဲချောင်း မုန့်လုပ်ငန်းရောင်းဝယ်ဖြန့်ဖြူးမှု အခြေအနေ

Powered by Drupal

       ဒေသထုတ်ကုန်ဖြစ်သော “ရွှေပင်” ပဲချောင်းမုန့်လုပ်ငန်းအား ရောင်းဝယ်ဖြန့်ဖြူးမှု အခြေအနေနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများမှ အမှတ်တရလက်ဆောင်မုန့်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချပေးလျက်ရှိသော ဒေသထွက် ထုတ်ကုန် တစ်ခုဖြစ်သည့် သာမရွေး သန့်ရှင်းလတ်ဆတ်စွာစားသုံးနိုင်ရန် ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းနှင့်ပတ်သက်၍ မအူပင်မြို့  ၁ရပ်ကွက် စာရေးကုန်းလမ်းတွင် ပဲချောင်းမုန့် လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါ်မြတ်မွန်နှင့် တွေ့ဆုံမေးမြန်း လေ့လာခဲ့ကြောင်းသိရှိရသည်။

            ပုဂံ (ရွှေပင်) ပဲချောင်းပြုလုပ်ရာတွင် ဒုံးပျံတံဆိတ် ဂျုံကိုအဓိကသာ အသုံးပြုရပြီး ဂျုံ ၁အိတ်လျှင် အချိန် ၁၅ပိဿာပါ (၁၆၀၀၀၀/-ကျပ်)ဖြင့် ဝယ်ယူရပါသည်။ အခြားပါဝင်ပစ္စည်းများမှာ ပဲ၊ ဆီ၊ သကြား၊ ဆား၊ ရေသန့်တို့ပါဝင်ပြီး ပါဝင်ပစ္စည်းများကို မအူပင်မြို့နယ်တွင် ဝယ်ယူ၍ ရရှိကြောင်းသိရသည်။ ပြုလုပ်ပုံမှာ ဂျုံသားကိုနှဲ၍ ပဲကိုပြုတ်ပြီး ချေထားကာ ဂျုံနှင့် ပဲ ရောနှပ်၍ မုန့်ကြိုးလိမ်ချောင်း၊ မုန့်ခေါင်းအုံး၊ မုန့်ခါဂျာ၊ ပဲချောင်း မျိုးစုံကို ဆီဖြင့်ကျော်ပြီးလျင် ကြိုထားသော သကြားထဲကိုနှစ်၍ အအေးခံ၍  အိတ်သွပ်၍ ၅ထုတ်တွဲ အတွဲထုတ်ရပါသည်။ တစ်နေ့လျှင် ဂျုံ ၁အိတ်အသုံးပြုပြီး ၁လလျှင် ၃ရက် မုန့်ထုတ်လုပ်ရကြောင်းသိရသည်။ မုန့်ထုတ်ပါက ခေါင်းအုံးမုန့် ၆၀၀ထုတ်၊ ၁ထုတ်လျှင် ၈၀၀ကျပ် လက်ကားဈေးပေးရသည်။ မုန့်ကျိုးလိမ် ၅၀၀ထုတ်၊ ခါဂျာမုန့် ၆၀၀ထုတ်၊ ပဲချောင်းမုန့် ၅၀၀ထုတ်ထွက်ရှိသည်။

             တစ်နေ့လျှင်ကုန်ကျစရိတ် ၇သိန်း ဝန်းကျင်ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ၁၀၆၀၀၀၀/-ကျပ် ရရှိပါသည်။ နွေရာသီတွင် ဒေသလက်ဆောင်အဖြစ် ဝယ်ယူကြကြောင်း၊ ရောင်းအားနည်းပါး၍ မိုးတွင်ကာလတွင် မုန့် ပိုမိုထုတ်လုပ်ကြောင်း သိရှိရပါသည်။  စားသုံးသူများကလေးလူငယ်များ ကြိုက်နှစ်သက်ကြပြီး  မြို့နယ်အတွင်းဖြန့်ဖြူးရောင်းချခြင်း၊ ကျိုတ်လတ်၊ ဖျာပုံ၊ မော်ကျွန်းမြို့နယ်များသို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)