ကုန်သွယ်မှုသတင်းများ

Powered by Drupal
09 May 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၃၀-၄-၂၀၂၃ နေ့တွင် ဘဏ်လုပ်ငန်းရှင်များအသင်းနှင့် နိုင်ငံခြားငွေလဲလှယ်မှုလုပ်ငန်းရှင်များအသင်းတို့၏ အစည်းအဝေးကျင်းပခဲ့ရာ ပြည်ပရောက်အလုပ်သမားများ၏ တရားဝင်လမ်းကြောင်းများမှတစ်ဆင့် နိုင်ငံခြားငွေလွှဲပြောင်းပေးပို့မှုကို အားပေးသည့်အနေဖြင့် ငွေလဲနှုန်းတိုးမြှင့်လဲလှယ်ပေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။

09 May 2023

      စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မိုင်းလုံရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက်၊ မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး ယခု ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသောခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် အလုံးအသေးအကြီးအမျိုးအစားလိုက်၍ တစ်ပိဿာလျှင် (၁၈၀၀) ကျပ် မှ(၂၅၀၀)ကျပ်ထိအရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း၊ ယခင်ဧပြီလ(ပထမပတ်)နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိပါကြောင်း၊ ဒေသထွက်ခရမ်းချဉ်သီးများသည် ဈေးကောင်းရလျ

09 May 2023

အိမ်နီးချင်းမလေးရှားနိုင်ငံသည် အဓိကအခြေခံစားသောက်ကုန်များ လက်ငင်းပြတ်လပ်မှုအား လျော့ပါးသက်သာစေရန် ထိုင်းနိုင်ငံမှ ကြက်ဥများကို ပထမဆုံးအကြိမ်အနေဖြင့် တင်သွင်းခဲ့ကြောင်း ထိုင်းမွေးမြူရေးဖွံ့ဖြိုးမှုဌာနက ဧပြီလ ၂၈ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

09 May 2023

အိန္ဒိယအစိုးရအနေဖြင့် ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီ (ဇူလိုင်-ဇွန်)အတွင်း ပဲမျိုးစုံတန်ချိန် ၂၉.၂၅ သန်းအပါအဝင် ကောက်ပဲသီးနှံ တန်ချိန် ၃၃၂ သန်းအား ထုတ်လုပ်ရန် ရည်မှန်းထားသည်။ အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းမှုများရှိနေချိန်၌ မဟာဗျူဟာလုပ်ငန်းစဉ်များ ကြိုတင်ပြင်ဆင်ထားရေးအတွက် ကျင်းပခဲ့သော ပြည်နယ်အရာရှိများ၏ ညီလာခံတွင် အဆိုပါလျာထားချက်များကို သတ်မှတ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ဆီထွက်သီးနှံတန်ချိန် ၄၄ သန်းနှင့် နှံစားပြောင်းတန်ချ

09 May 2023

အင်ဒိုနီးရှားနိုင်ငံ၌ ၁၈-၄-၂၀၂၃ ရက်နေ့တွင်ကျင်းပခဲ့သည့် စားအုန်းဆီမူဝါဒသုံးသပ်ရေး ညှိနှိုင်းအစည်းအဝေး၏ ရလဒ်များနှင့်အညီ စားသုံးဆီကဏ္ဍအပေါ် ထိန်းချုပ်သည့်မူဝါဒဖြစ်သည့် ပြည်တွင်းဈေးကွက်သို့ ရောင်းချပေးရမည့်အစီအစဉ် (Domestic Market Obligation - DMO Scheme) ကို  ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမူဝါဒဌာနမှ ဌာနမှူး Mr. Kasan က ပြောကြားခဲ့ပါသည်။

Pages