ပန်းဈေးကွက်

Powered by Drupal

၅.၃.၂၀၂၅

ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊မြစ်သား၊ကူမဲမြို့များမှ အောင်သပြေပန်းငုတ် များနှင့်ပုသိမ်ကြီးမြို့ လက်ကောင်း၊ကျောက်မီးနှင့်သုံးအိမ်ကျေးရွာများမှ ထွက်ရှိသည့် အာဆီယံ သပြေပန်းများ မန္တလေးမြို့ရှိပန်းဒိုင်များသို့ အဝင်လှိုင်လာပြီး အရောင်းသွက်လျှက်ရှိပါသည်။ ပန်းဒိုင်များမှ ဝယ်ယူမှုအနေနှင့် အောင်သပြေငုတ်ကြီး (၁၀)ငုတ်တစ်စီး(၁၃၀၀၀)ကျပ်၊ ငုတ်လတ်(၁၀)ငုတ် တစ်စီး (၉၅၀၀)ကျပ်၊ငုတ်သေး(၂၅)ငုတ်တစီး(၈၀၀၀)ကျပ်၊ အာဆီယံသပြေ (၂၅)စီး တထုံးလျှင်(၂၂၀၀၀)ကျပ်ဈေးနှုန်းများနှင့် ဒိုင်များမှဝယ်ယူမှုရှိပြီး မန္တလေးမြို့တွင်း လက်လီရောင်းချသူများ အနေနှင့် အောင်သပြေငုတ်ကြီးတငုတ်(၁၅၀၀)ကျပ်၊ ငုတ်လတ်တငုတ် (၁၀၀၀)ကျပ်၊ ငုတ်သေးတငုတ်(၅၀၀)ကျပ်၊ အာဆီယံသပြေတစီး(၁၃၀၀)ကျပ်မှ (၁၅၀၀)ကျပ် များနှင့်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး မန္တလေးမြို့အနီးဝန်းကျင်ရှိမြို့နယ်များ ကိုလည်း ကုန်စည်စီးဆင်းမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)