စတော်ဘယ်ရီဈေးကွက်

Powered by Drupal

၅.၃.၂၀၂၅

မန္တလေးဈေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသထွက်ကုန်တခုဖြစ်သည့် စတော်ဘယ်ရီသီး များ ဝင်ရောက်လျှက်ရှိပါသည။ စတော်ဘယ်ရီသီးနှံသည် ပြင်ဉီးလွင်ဒေသရဲ့အဓိကစိုက်ပျိုး ထုတ်လုပ် သည့်သီးနှံတမျိုးဖြစ်ပြီး ဒေသမျိုး(အလုံးသေး)မှာ ချဉ်သည့်အရသာရှိပြီး ထိုင်ဝမ်မျိုး (လုံးကြီး)မှာ ကြွပ်သီးအချိုနှင့်အချဉ်သီးဟူ၍ နှစ်မျိုးရှိပါသည်။ မန္တလေးဈေးကွက်အတွင်း ဈေးနှုန်းဈေးကွက်အနေနှင့် ဒေသသီး လုံးသေး ဝါးခြင်း (၁)ခြင်းလျှင်(၁၅၀၀မှ ၂၀၀၀)ကျပ်၊ ထိုင်ဝမ်(အချဉ်သီး) ၁ပိသာလျှင် (၁၀၀၀၀မှ၁၂၀၀၀)ကျပ်၊ ထိုင်ဝမ်(အကြွပ်သီး)၁ပိသာလျှင် (၁၅၀၀၀မှ၁၈၀၀၀)ကျပ်ရောင်းဝယ်မှုရှိပြီး စားသုံးသူများအနေနှင့်ဒေသမျိုး လုံးသေးကို ဖျော်ရည် လုပ်၍ စားသုံးမှုကို ကြိုက်နှစ်သက်ကြပြီး ထိုင်ဝမ်သီး(အကြွပ်သီး)ကို အလုံးလိုက်စားသုံးရသည် ကိုကြိုက်နှစ်သက်ကြပါသည်။ အအေးဆိုင်များအနေနှင့် စတော်ဘယ်ရီဖျော်ရည်ကို ထိုင်ဝမ်သီး (အချဉ်သီး)၊ ဒေသသီးများနှင့်ရောဖျော်၍ ရောင်းချမှုရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)