ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 May 2022

            စစ်ကိုင်းတိုင်းဒေသကြီးသည် မေလ(စတုတ္တ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများဖြစ်သော ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ဈေးအနည်းငယ်တက်နေပြီး ရေဦးမြို့တွင် ဈေးအနည်းငယ်ကျနေသည်။ မုံရွာခရိုင်တွင် စပါးဈေးအနည်းငယ်ကျနေပြီး၊ ဆန်ဈေးအနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးတန့်နေပါသည်။

26 May 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းစိုးနှင့် ဝန်ထမ်းများသည် (၂၃.၅.၂၀၂၂) ရက်နေ့ (၁၂:၀၀) မှ (၁၃:၃၀)အထိ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲကို ပန်းတနော်မြို့နယ် ၊ လင်းလက် အမျိုးသမီးစက်ချုပ် သင်တန်းကျောင်းတွင်   ပြုလုပ်ခဲ့ကြပါသည်။     

26 May 2022

              စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်မဲခရိုင်မှ ဝန်ထမ်းများသည် (24.5.2022)ရက်နေ့တွင် ကျောက်မဲမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဗဟိုဈေး၊ မင်္ဂလာ‌‌ဈေး၊ အခွန်လွတ်ဈေးနှင့် ဘူတာဈေးများသို့ သွားရောက်၍ ဆန်ဆိုင်များနှင့် သီးနှံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် ဈေးနှုန်းဈေးကွက် အခြေအနေများအား ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

26 May 2022

              ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်ရှိ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ မေလ(၁၅)ရက်မှ(၂၁)ရက်အတွင်း ကြက်သွန်နီအသစ်များ ဆိပ်ဖြူမြို့နယ်ဒေသအတွင်းရှိ နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ (၃) သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ (၂)သိန်းဝန်းကျင်ခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်ခဲ့ပြီး  မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် ဂိုဒေါင်များသို့ (၁)ပတ်အတွင်း ကုန်ချိန် (၃)သိန်းခွဲခန့် ဝင်ရောက်ခဲ့ကြောင်း၊ မေလ(တတိယပတ်

26 May 2022

         ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂၃.၅.၂၀၂၂) နေ့တွင် မအူပင်မြို့နယ် ဆန်စက်ပိုင်ရှင်အသင်းမှ ဒု-ဥက္ကဌ ပြည့်ဖြိုးကြွယ် ဆန်စက်ပိုင်ရှင် ဦးကျော်မင်းစိုးနှင့် တွေ့ဆုံ၍ ဆန်စက်အသင်း၏ ရှေ့ဆက်မည့် လုပ်ငန်းအစီအမံများ ဆန်၊ စပါး၊ ဈေးကွက် အခြေအနေများနှင့် ဆန်စပါး အရည်အသွေးကောင်းမွန်ရန် ဈေးကောင်းရရှိနိုင်ရေးတို့ကို အလေးပေးဆွေးနွေးခဲ့ကြပါသည်။

Pages