မကွေးတိုင်းဒေသကြီးတွင် ဖြစ်ပေါ်လျက်ရှိသော စပါး၊ ဆန်ဈေးနှုန်းနှင့် စီးဝင်မှုအခြေအနေ

Powered by Drupal

          မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟုတင်စားရလောက်အောင် ဆီထွက် သီးနှံနှမ်းနှင့်မြေပဲတို့အား အဓိကစိုက်ပျိုးကြသော်လည်း စပါးကို ဆည်ရေရရှိသော တောင်တွင်း၊ မြို့သစ်နှင့် မြစ်အနောက်ဘက်ရှိ ပွင့်ဖြူနှင့်စလင်းမြို့များတွင်သာ အများအပြားစိုက်ပျိုးကြသည်။ ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ ပြည်နယ်များမှ တင်သွင်း ရပါသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဧရာပဒေသာစပါးကိုအဓိကစိုက်ပျိုးကြပြီး (၂၄.၂.၂၀၂၅) ရက်နေ့တွင် ဖြစ်ပေါ်နေသော စပါးဈေးနှုန်းများမှ ဧည့်မထနွေ(ဟောင်း) (၁)တင်းလျှင် ကျပ် (၁၈၅၀၀)၊ ဆန်ဈေးနှုန်းများမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး (၂၄)ပြည် (၁)အိတ်လျှင် ကျပ် (၁၅၂၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၃၅၀၀၀)၊ မနောသုခ ကျပ်(၉၇၀၀၀)၊ ရတနာတိုး ကျပ်(၇၂၀၀၀)၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၃၅၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၃၃၀၀၀)၊ မနောသုခ ကျပ်(၉၇၀၀၀)၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၅၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၂၀၀၀၀)၊ မနောသုခ ကျပ်(၈၅၀၀၀)၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၆၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၄၅၀၀၀)၊ မနောသုခ ကျပ်(၁၀၀၀၀၀)၊ ရတနာတိုး ကျပ်(၈၁၅၀၀)၊ ချောက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၁၅၀၀၀)၊ မနောသုခ ကျပ်(၉၀၀၀၀)၊  ရတနာတိုး ကျပ်(၇၈၀၀၀)၊ ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၄၃၀၀၀)၊ မနောသုခ ကျပ်(၉၃၀၀၀)၊ ရတနာတိုး ကျပ်(၇၈၀၀၀)၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် (၁၅၉၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၄၅၀၀၀)၊ မနောသုခ ကျပ်(၉၅၀၀၀)တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်လထက် ယခုလတွင် မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၈၀၀၀)၊ ဧရာပဒေသာ ကျပ်(၄၀၀၀)၊ မနောသုခ ကျပ်(၆၀၀၀)၊ ရတနာတိုး ကျပ်(၃၀၀၀)၊ ချောက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၂၄၀၀၀)၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၂၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၉၀၀၀)၊ ပခုက္ကူခရိုင်တွင် ဧရာပဒေသာ ကျပ်(၃၀၀၀) ဈေးနှုန်းလျော့ကျခဲ့ပြီး သရက်ခရိုင်တွင် ဧရာပဒေသာ ကျပ်(၈၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ မကွေးတိုင်းဒေသကြီးသို့ အခြား တိုင်းဒေသကြီး/ ပြည်နယ်များမှ ဆန်စီးဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်း ဒေသကြီးမှ ဆန်(၃၂၂၀.၁)တန်၊ မန္တလေးတိုင်းဒေသကြီးမှ ဆန်(၁၄၄)တန်၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆန်(၂၃၂.၈)တန်၊ ပဲခူးတိုင်းဒေသကြီးမှ ဆန်(၄၀၀)တန်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဆန်(၃၄၄)တန်၊ စုစုပေါင်း(၄၃၄၀.၉)တန်စီးဝင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)