ကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် (၂၆.၂.၂၀၂၂) ရက်နေ့ နံနက် (၁၀၀၀) အချိန်တွင် ရမည်းသင်းမြို့နယ်၊ ရွာတန်းဒေသ၊ စပျစ်စိုက်တောင်သူနှင့် သွားရောက် တွေ့ဆုံခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် (၂၅.၂.၂၀၂၂) ရက်နေ့ (၁၀:၀၀)အချိန်တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ကြက်သွန်ကြော်လုပ်ငန်းလုပ်ကိုင်သူများနှင့် ကွင်းဆင်းလေ့လာတွေ့ဆုံခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါ ဧက (၁၈၀၀) စိုက်ပျိုးရန်လျာထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေးဒေါ်ဝါဝါကြည်သည် (၁.၃.၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပခုက္ကူမြို့နယ်၊ သံပုရာပင်ကုန်းကျေးရွာရှိ ပြောင်းစိုက်တောင်သူဒေါ်ဌေးဌေး၏ အစေ့ထုတ်ပြောင်း(CP)၏ စိုက်ပျိုးထွက်ရှိမှုအခြေအနေကို ကွင်းဆင်းလေ့လာ မေးမြန်းခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ပေါက်မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဦးကျော်စိုးသည် (၁၈.၂.၂၀၂၂) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပေါက်မြို့နယ်၊ ရှားတောကျေးရွာ၊ ဆောင်းသီးနှံကုလားပဲ စိုက်ပျိုးသော တောင်သူဦးဌေးလွင်နှင့် သွားရောက်တွေ့ဆုံပြီး စိုက်ပျိုးမှုအခြေအနေကို ကွင်းဆင်းလေ့လာ မေးမြန်းခဲ့ပါသည်။
