ပဲထောပတ်စိမ်းစျေးကွက်

Powered by Drupal

          မန္တလေးစျေးကွက်အတွင်းသို့  ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ပဲထောပတ်စိမ်း များဝင်ရောက်မှုများသည့်အတွက်  စျေးအနည်းငယ်ကျဆင်းသွားကြောင်း သိရပါတယ်။   စျေးကွက် အတွင်းသို့   မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ  ထွက်ရှိ သည့်ပဲထောပတ်စိမ်းများ  ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးမြို့၊၄၁လမ်း၊ကမ်းနားလမ်းစျေး နှင့်သီရိမာလာစျေး(ပိုက်ကျုံးစျေး) တို့တွင် ကုန်စိမ်းများလက္ကား ရောင်းချလျက်ရှိပြီး၊ပဲထောပတ်စိမ်း မှာ အရောင်းသွက်သည့်   ပဲတစ်မျိုးဖြစ်ကြောင်း သိရပါတယ်။   ကုန်စိမ်းစျေးအတွင်း    ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလဒုတိယပတ်တွင် လက္ကားစျေးပဲထောပတ်စိမ်းတစ်ထုတ်(နို့ဆီဗူး ၁၁ဗူးပါ)လျှင်၇၀၀ဝိ/- နှင့် ၈၀၀ဝိ/-စျေး၊ လက်လီစျေးတစ်ဗူးလျှင် ၁၀၀ဝိ/- နှင့် ၁၁၀ဝိ/- ဖြစ်ပေါ်ခဲ့ပြီး၊  ဇန်နဝါရီလနောက် ဆုံးပတ်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါက  ဝင်ရောက်မှုများသည့်အတွက်စျေးအနည်းငယ်ကျသွားကြောင်း   သိရပါတယ်။ ပဲထောပတ်မှာ    ပြည်တွင်းစားသုံးမှုသာမက    ပြည်ပသို့တင်ပို့သည့် စျေးကွက်ဝင် ပဲ အမျိုးအစားဖြစ်ပါတယ်။      မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင်  ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ   ၃တင်းဝင် တစ် အိတ်လျှင်ပဲထောပတ်(ဂေါက်) ၃၈၀၀၀၀ ကျပ်နှင့်၃၉၀၀၀၀ ကျပ်၊ပဲထောပတ်(သေး)၂၈၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ပဲထောပတ်(ဂေါက်) ၆၇၅၆ ကျပ်နှင့် ၆၉၃၃ ကျပ်၊ပဲထောပတ်(သေး) ၄၉၇၈ ကျပ် အသီးသီးဖြစ်ပေါ်လျက်ရှိပြီး၊ရက်အလိုက်ပေါက်စျေးအနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရပါတယ်။ မန္တလေးပဲမျိုးစုံစျေးကွက်အတွင်း ပဲထောပတ်မှာ ပဲအစိုအခြောက်   အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)