၂၀၂၆-၂၀၂၇ ခုနှစ်ငါန်းဇွန်မြို့နယ် မိုးစပါးစိုက်ပျိုးပြီးစီးမှုနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်သည် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးလျာထားဧက (၅၅၃၃)ဧက၊ စိုက်ပျိုးဧက(၄၀၈၇)ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုး ဧက(၂၄၇)ဧက၊ မြစ်ရေတင်စနစ်ဖြင့်စိုက်ပျိုးဧက (၅၅၇)ဧက၊ မိုးကောင်းသောက်စနစ်ဖြင့် စိုက်ပျိုးဧက (၂၁၈၇)ဧကနှင့် မြစ်ရေဝင်/စိမ့်စမ်းရေနှင့် စက်ရေတွင်းနည်းလမ်းဖြင့် စိုက်ပျိုးဧက (၁၀၉၆)ဧက စိုက်ပျိုးထားကြောင်း သိရသည်။ စိုက်ပျိုးသောမျိုးများမှာ မနောသုခစပါး(၄၀၀၅)ဧကနှင့် အောင်နိုင်တိုး စပါး(၈၂)ဧကတို့ ဖြစ်ကြောင်းသိရသည်။စိုက်ပျိုးသော ကျေးရွာများမှာ မြို့သာ၊ နတ်သားတော၊ ကျောက် တလုံးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ငါန်းမြာကျေးရွာများတွင် အများဆုံးစိုက် ပျိုးကြောင်း သိရသည်။ တစ်ဧကကုန်ကျစရိတ်မှာ (၈၅၀၀၀၀)ကျပ်ခန့် ကုန်ကျပြီး ယခင်နှစ် မိုးစပါး ထွက်ပေါ်ချိန်တွင် စပါးတစ်တင်းကို (၈၅၀၀/၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၄၀၀၀၀၀) ကျပ်ခန့်ဖြစ်ကြောင်း သိရသည်။ ဆန်တစ်အိတ်လျှင် (၆၀၀၀၀) ကျပ်အရောင်း အဝယ်ဖြစ်ကြောင်း၊ ကောက်ရိုးကိုလည်းနွားစာအဖြစ် အသုံးပြုရသောကြောင့် စိုက်ပျိုးရန်အဆင်ပြေကြောင်း သိရသည်။

DOCa(မန္တလေး)