ရွှေတောင်ဒေသထွက် ဘူးသီးဈေးကွက်

Powered by Drupal

             ဘူးသီးသည် မြန်မာနိုင်ငံတွင် လူအများစားသုံးကြသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ဘူးသီးပင်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီး အိမ်ခြံဝင်းများ၊ ဥယျာဥ်များနှင့်လယ်ယာမြေများတွင် စိုက်ပျိုးလေ့ရှိကြသည်။ ဘူးသီးသည် အာဟာရဓာတ်များစွာ ပါဝင်ပြီး ရေဓာတ်ပါဝင်မှု မြင့်မားသဖြင့် ပူအိုက်သော ရာသီတွင် စားသုံးရန်သင့်တော်သည်။ ဘူးသီးကို ဟင်းချက်စားခြင်း၊ ပြုတ်စားခြင်း၊ အကြော်ကြော်စားခြင်းတို့ ပြုလုပ်၍ စားသုံးနိုင်သည်။ ဘူးသီးတွင် ဗီတာမင်ဓာတ်များပါဝင်ပြီး အမျှင်ဓာတ်လည်း ကြွယ်ဝသောကြောင့် စားသုံးသင့်သည်။ ဘူးသီးပင်မှ အသီးတင်မက ရွက်နု၊ အညွန့်များကိုလည်း အသုတ်၊ အဟင်းများတွင် ထည့်သွင်းချက်ပြုတ် စားသုံးကြသည်။ စားသောက်ဖွယ်ရာတစ်ခုအဖြစ်သာမက အိမ်ထောင်စုဝင်ငွေ အလို့ငှာ စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးလည်း ဖြစ်သည်။ ရာသီဥတုဒဏ်ခံနိုင်မှုနှင့် ဈေးကွက်ဝယ်လိုအား ကောင်းမွန် သည့်အတွက် လွယ်ကူစွာ စိုက်ပျိုးနိုင်သည်။ ယခင်က ဘူးသီးတစ်လုံးကို ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အတွင်း ရောင်းချခဲ့ရာ ယခုအခါ ၂၀၀၀ ကျပ်အထိ မြင့်တက်လာသည်ကိုလည်း သိရှိရသည်။ ထို့ကြောင့် ဘူးသီးသည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကွက်အတွင်း ရောင်းဝယ်မှု ကောင်းမွန်သောကြောင့် တောင်သူများအတွက် အသုံးဝင်သော အသီးတစ်မျိုး ဖြစ်သကဲ့သို့ စိုက်ပျိုးသူများ ယခင်ကထက် ပိုမို များပြားလာသည်ဟုလည်း သိရှိရသည်။

DOCA(ပဲခူး)