မန္တလေးပဲပုတ်စျေးကွက်

Powered by Drupal

          ဖေဖော်ဝါရီလဒုတိယပတ်အတွင်း  မန္တလေးစျေးကွက်သို့ ရှမ်းပြည်နယ်မှ ပဲပုပ်(ရှမ်း)သီးနှံများ စတင်ဝင်ရောက်လာကြောင်း သိရပါတယ်။ ပဲမျိုးစုံအနက် ပဲပုပ်မှာ ပြည်တွင်းစားသုံးမှုများပြားခြင်း နှင့်ပြည်ပတင်ပို့ရောင်းချသည့် စျေးကွက်ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးသည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲပုပ်သီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်းသိရပါတယ်။ မန္တလေးစျေးကွက်အတွင်းသို့ ရှမ်းပြည် နယ်မှ ထွက်သည့်ပဲပုတ်များဝင်ရောက်မှုများပြီး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ပဲခူးတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်တို့မှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ပဲပုပ်ကို ပြည်တွင်း၌ ပဲပင်ပေါက်၊ ပဲဟင်း၊ ပဲကြော်၊ တို့ဟူး၊ ပဲနို့၊ ပဲပုပ်ဆော့၊ ပဲပုပ်ပြား၊ ပဲပြား၊ ဒိန်ချဉ်၊ ပဲပြားပူတင်း၊ ပဲပုပ်ထောင်း၊ ပဲပုပ်စေ့လှော်၊ ပဲငါးပိ၊ ဆီတို့ဟူး၊ ကြာညို့၊ပဲငံပြာရည်၊ပဲမုန့်တို့ပြုလုပ်၍ စားသုံးကြသော်လည်း ဖယောင်းတိုင်၊ဇီဝလောင်စာဆီနှင့်သုတ်ဆေးများအဖြစ်ထုတ်လုပ်ခြင်းနှင့်တိရိစ္ဆာန်အစာအဖြစ်လည်း အသုံးပြုကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ် လျှင်ပဲပုပ်(ကာဘိုး)၃၂၀၀၀၀ ကျပ်နှင့် ၃၃၀၀၀၀ကျပ်၊ပဲပုပ်(ဗမာ)၃၀၀၀၀၀ကျပ်၊ပဲပုပ်(ရှမ်း) ၃၃၀၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ပဲပုပ်(ကာဘိုး)၆၀၀၉ကျပ်နှင့် ၆၁၉၇ကျပ်၊ ပဲပုပ်(ဗမာ) ၅၆၃၄ ကျပ်၊ ပဲပုပ်(ရှမ်း) ၆၁၉၇ ကျပ်အသီးသီးတို့ဖြစ်ကြောင်း သိရပါတယ်။ ပဲပုပ်ဝင်ရောက်မှုပမာဏပေါ် မူတည် ၍ရက်အလိုက်ပေါက်စျေးအနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရပါတယ်။ ပဲပုပ်သီးနှံမှာ မန္တလေး ပဲမျိုးစုံစျေးကွက်အတွင်း အရောင်းသွက်သည့်ကုန်စည်ဖြစ်ကြောင်း သိရပါတယ်။ပဲပုပ်မှာ ပြည်တွင်း စားသုံးမှုပမာဏ များပြားခြင်းနှင့်ပြည်ပတင်ပို့သည့်စျေးကွက် လိုအပ်ချက်များသည့်စျေးကောင်းရ ပဲသီးနှံအမျိုးအစားဖြစ်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)