ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 Mar 2025

          ကမ္ဘောဒီးယားနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့အကြားကုန်သွယ်မှုတိုးမြင့်လာသော်လည်း နှစ်နိုင်ငံ စီးပွားရေးအလားအလာနည်းပါးနေသေးကြောင်း အထက်လွှတ်တော်ဥက္ကဋ္ဌ Hun Sen က ၅-၃-၂၀၂၅ ရက်နေ့တွင်ပြောကြားခဲ့သည်။ အသစ်ခန့်အပ်ထားသော အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး Vanlalvawna Bawitlung အား Senate နန်းတော်၌ Hun Sen က ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံလက်ရှိအလားအလာနှင့်အညီ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်တောင်းဆိုခဲ့သည်။ စီးပွားရေး

19 Mar 2025

          ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Cham Nimal က လျှပ်စစ်ကား(EV) ဈေးကွက်တွင် ရင်းနှီးမြှပ်နှံမှုများ မြှင့်တင်ရန်တိုက်တွန်း ခဲ့ပြီး စားသုံးသူများနှင့် သဘာဝပတ်ဝန်းကျင်ကိုအကျိုးပြုစေရန်အတွက် ကုန်ကျစရိတ်များ လျော့ချရန်၊ စွမ်းအင်ထိရောက်မှုနှင့် ဓာတ်ငွေ့ထုတ်လွှတ်မှုလျော့ချရန် အလားအလာများကို ပြောကြားခဲ့သည်။  ၁၄-၃-၂၀၂၅ ရက်နေ့က Premie Centre Sen Sok တွင်ကျင်းပပြုလုပ်ခဲ့ သည့် Peugeot 408 2025 Series ၏ တရားဝင်မိတ်ဆက်ပွဲအခမ်း

19 Mar 2025

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံ များအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲကြားသီးနှံများသည် ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

19 Mar 2025

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး မိုးသီးနှံ၊ ဆောင်းသီးနှံများအပြင် သီးထပ် သီးညှပ်များလည်း စိုက်ပျိုးကြကြောင်း၊ ပြည်တွင်းစားသုံးမှုရှိသလို ပြည်ပပို့ကုန်လည်းဖြစ်သည့် ကုလားပဲသီးနှံကို ကန့်ဘလူမြို့နယ် မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြပြီး ယခုအခါ ဈေးကွက်အတွင်း ကုလားပဲအသစ်များ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

19 Mar 2025

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံများလည်း စိုက်ပျိုးကြကြောင်း၊ မိုးစိုက်နေကြာနှင့် ဆောင်းစိုက်နေကြာဟူ၍(၂)မျိုးရှိကြောင်း ဆောင်းနေကြာကိုရာသီဥတုပေါ်မူတည်၍ အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့နှင့်ဇီးကုန်းမြို့တို့ရှိ ပွဲရုံများမှ ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

Pages