ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 Mar 2025

          ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BoI) က ၎င်းတို့သည် တရုတ်နိုင်ငံမှ Sunwoda Electric ၏ လျှပ်စစ်မော်တော်ယာဉ်ဘက်ထရီစက်ရုံတည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုကို မတ်လ ၁၃ ရက်နေ့က ခွင့်ပြုပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Shenzen အခြေစိုက်ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် ထုတ်လုပ်ခြင်း၊ သုတေသနနှင့် ထုတ်ကုန် ဖွံ့ဖြိုးတိုးတက်ရေးတို့ပါဝင်သည့် လျှပ်စစ်မော်တော်ကားထုတ်လုပ်သူများအတွက် Lithium-ion battery cell ထုတ်လုပ်ခြင်းအတွက် အလုပ်အကိုင် ၁၀၀၀ ဖန်တီ‌ပ

19 Mar 2025

          ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် ဘရာဇီးသို့ ဒုတိယအကြီးမားဆုံး ရေထွက်ကုန် တင်ပို့သူဖြစ်လာပြီး ဘရာဇီး၏စုစုပေါင်းတင်သွင်းမှုပမာဏ၏ ၁၇.၃၃ ရာခိုင်နှုန်းနှင့် စုစုပေါင်းတင်သွင်းသည့်တန်ဖိုး၏ ၈.၆၉ ရာခိုင်နှုန်းရှိကြောင်း ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားကုန်သွယ်ရေးအေဂျင်စီက ပြောကြားခဲ့ပါသည်။ ဘရာဇီး၏ ပင်လယ်စာဝယ်လိုအားကြီးထွားလာမှုနှင့်အတူ ဗီယက်နမ်ထုတ်လုပ်သူများသည် ထိုဈေးကွက်သို့ တင်ပို့မှုတိုးချဲ့ရန် သိသာထင်ရှားသော အခွင့်အလမ်းများကို ရရှိခဲ့ကြ

19 Mar 2025

          ဗီယက်နမ်သည် ၂၀၂၅ ခုနှစ်၏ ပထမနှစ်လတွင် ကော်ဖီတန်ချိန် ၃၀၉၅၀၅ တန် တင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၇၂ ဘီလီယံ ရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဦးစီးဌာန၏ အဆိုအရ သိရပါသည်။ ဗီယက်နမ်၏ Mercantile Exchange ၏ ဒုတိယအထွေထွေညွှန်ကြားရေးမှူးဖြစ်သူ Nguyen Duc Dung က ကမ္ဘာ့ဈေးကွက်တွင် ကော်ဖီဈေးနှုန်းများမှာ သိသာစွာမြင့်တက်လျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ရလဒ်အနေ ဖြင့် ဗီယက်နမ်သည် ကော်ဖီတင်ပို့သည့်ပမာဏ ၂၂ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း တင်ပို့ သည့်တန်ဖိုးမှာ ၃၇ ရာခိုင်

19 Mar 2025

          Honda ဗီယက်နမ်သည် ဖေဖော်ဝါရီလတွင် မော်တော်ဆိုင်ကယ်နှင့် ကား ရောင်းချမှု နှစ်ခုလုံး ကြီးထွားခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလထက် ၆၁.၇ ရာခိုင်နှုန်းနှင့် ၄၃ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီသည် ဖေဖော်ဝါရီလတွင် မော်တော် ဆိုင်ကယ်အစီးရေ ၁၉၄၈၈၈ စီး ရောင်းချခဲ့ရပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် စုစုပေါင်း ရောင်းချရမှုမှာ အစီးရေ ၂.၀၆ သန်း နီးပါးရှိခဲ့ပြီဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ထက် ၇.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းရောင်းချရမှုမျ

19 Mar 2025

          ဗီယက်နမ်၏ ကားဈေးကွက်သည် ဖေဖော်ဝါရီလတွင် ကြီးထွားမှုအားကောင်းခဲ့ပြီး VinFast က ရောင်းချရမှုတွင် ဦးဆောင်ခဲ့ကြောင်း ဗီယက်နမ်မော်တော်ကားထုတ်လုပ်သူများ အသင်း (VAMA) ၏ အဆိုအရ သိရပါသည်။ ဖေဖော်ဝါရီလတွင် VAMA အဖွဲ့ဝင်များသည် အစီးရေ ၂၁၆၀၆ စီး ရောင်းချခဲ့ရပြီး ဇန်နဝါရီလကထက် ၁၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကထက် ၈၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ Passenger ကားများမှာ အစီးရေ ၁၄၅၄၉ စီးရောင်းချခဲ့ရပြီး ဇန်နဝါရီလကထက် ၂.၅ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြော

Pages