ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံ များအပြင် ဘိလပ်စေ့သီးနှံများလည်း စိုက်ပျိုးကြောင်း၊ ဘိလပ်စေ့ကို ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုးကြကြောင်း၊ ဘိလပ်စေ့သီးနှံများသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေး ရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး ဘိလပ်စေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် အပိုဝင်

၂၀၂၄ ခုနှစ်တွင် သစ်သီးသည် ထိုင်းနိုင်ငံ၏ တန်ဖိုးအရှိဆုံး စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တင်ပို့မှုဖြစ်ခဲ့ပြီး ဒူးရင်းတင်ပို့မှုတန်ဖိုးမှာ ဘတ် ၁၃၄ ဘီလီယံကိုကျော်ဖြတ်ခဲ့ ကြောင်း ထိုင်းနိုင်ငံ ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး (TPSO)၏ အဆိုအရသိရပါသည်။ TPSO ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Poonpong Naiyanapakorn က ထိုအောင်မြင်မှု သည် ကမ္ဘာ့ဈေးကွက်များတွင် ဝယ်လိုအားမြင့်တက်လာမှုနှင့် ထိုင်းသစ်သီး၏ အရည်အသွေး နှင့် အရသာမြင့်မားမှုကြောင့် လူကြိုက်များမှုမြင့်တက်လာသောကြောင့်ဖြစ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစုအပိုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကွမ်းသီးများကို ကန့်ဘလူခရိုင် အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ပြန်လည် ရောင်းချလျက်ရှိကြောင်း သိရသည်။

ဗီယက်နမ်ကားကုမ္ပဏီဖြစ်သည့် VinFast သည် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားရှိ Subang မြို့တော်တွင် အမေရိကန်ဒေါ်လာ ၂၃၇ သန်းတန်ကြေးရှိသည့် လျှပ်စစ်ကားစက်ရုံ တည်ဆောက်ရန် အာမခံခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Rosan Roeslani က ပြောကြားခဲ့ ပါသည်။ ထိုစက်ရုံသည် ဟတ်တာ ၁၂၀ ကျော်ကျယ်ဝန်းပြီး တစ်နှစ်လျှင့် ကား အစီးရေ ၅၀၀၀၀ ထုတ်လုပ်ရန်စီစဉ်ထားကြောင်း သိရပါသည်။ ဝန်ကြီး၏အဆိုအရ ရင်းနှီးမြှုပ်နှံမှု ကတိကဝတ် ပြုမှုသည် VinFast ၏ သမ္မတ Prabowo Subianto နှင့် အစည်းအဝေးအတွင်း ရရှိခ

တရုတ်ဘက်ထရီဆဲလ် ထုတ်လုပ်သူ Sunwoda Automotive Energy Technology (Thailand) သည် ကြီးထွားလာသောလျှပ်စစ်မော်တော်ယာဉ်လုပ်ငန်းမှ အကျိုးအမြတ်ရယူရန် နှင့် ထိုင်းနိုင်ငံအားတင်ပို့ရာအခြေစိုက်အသစ်အဖြစ် အသုံးပြုရန် ထိုင်းနိုင်ငံတွင်စက်ရုံ သစ် နှစ်ခု တည်ဆောက်မည်ဟု ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BoI) က ပြောကြားခဲ့ပါ သည်။ ကုမ္ပဏီသည် ယခုနှစ်နှောင်းပိုင်းတွင် စတင်ဆောင်ရွက်ရန်မျှော်လင့်ရသည့် စက်ရုံ နှစ်ရုံကို ဘတ် ၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ၍ Chon Buri တွင် တည်ဆောက်ရန်စ
