ကုန်သွယ်မှုသတင်းများ
ကြောင်လျှာသီးပင်သည် သဘာဝအလေ့ကျပေါက်သော အပင်ဖြစ်၍ အပွင့်၊ အသီး၊ အခေါက် နှင့် ရွက်များကလည်း ဆေးဖက်ဝင်သောကြောင့် ဈေးကွက်ဝင်သောအပင်ဖြစ်သည်။ နှစ်စဉ်မိုးရေ ကောင်းစွာရရှိသော အပူပိုင်းဒေသရာသီဥတုကိုကြိုက်နှစ်သက်သည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကြီးများတွင် ရောင်းချလျက်ရှိသော ဘိလပ်မြေစျေးနှုန်းများမှာ ကြံ့နှစ်ကောင်အမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ် လျှင် (၂၄၅၀၀)ကျပ်ရှိပြီး စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်ကြီးများမှရောင်းချလျက်ရှိသော ဓါတ်မြေ သြဇာစျေးနှုန်းများမှာ မြင်းပျံ၊ အာမို၊ သြဘာ အမှတ်တံဆိပ် ယူရီးယား ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၀၉၆၀၀) ကျပ်၊ သံကွင်း အမှတ်တံဆိပ် တီစူပါ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၅၂၅၀၀)ကျပ်၊ တိုတာ၊ ဂျာမနီ အမှတ်တံဆိပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ဒုတိယအပတ်အတွင်း အခြေခံ စားကုန်စျေးနှုန်းအများစုမှာ စျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ယခင်၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အခြေခံစားကုန်စျေးနှုန်းများနှင့်နှိုင်းယှဥ်ပါက စားအုန်းဆီတစ်ပိဿာလျှင် (၈၂၀၀) ကျပ်မှ (၈၀၀၀) ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၅၆၀၀)ကျပ် အထိရှိပြီး ထားဝယ်မြို့ စျေးကွက်အတွင်း ရန်ကုန်ပွဲရုံများမှ ကြက်သွန်နီအသစ်များ ဝင်ရောက်လျက်ရှိကာ ကြက် သွန်နီ တစ်ပိဿာလျှင် (၃၅၀၀) ကျ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး ကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ထားဝယ်မြို့မစျေးကြီးများနှင့် ကမ်းနားပျံကျစျေးများတွင် ရောင်းချ လျက်ရှိကြောင်းသိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာကို အဓိကစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လျက် ရှိကြသည်။ ပြည်တွင်းတွင် ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ကရင် ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးပြီး ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။
