ကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Dec 2024

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၊ ရွှေမြင်တင်၊ ကမ်းနာလမ်းတွင် သံပုယိုသီးခြံစိုက်ပျိုးထားကြောင်း၊ ပန်းတနော်မြို့နယ်တွင် ရှောက်ချဉ်သံပုရာ စိုက်ဧက ၆၇၃ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

17 Dec 2024

              ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ မင်းဘောကျေးရွာအုပ်စု၊ ကျုံစုပ်ကျေးရွာတွင် ကော့သောင်း ဘိတ်ကွမ်းသီးကို ဧက ၁၅ဧကတွင် စိုက်ပျိုးထားရှိကြောင်း သိရသည်။

17 Dec 2024

              ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ ရန်ကုန်-ဓနုဖြူ-ဟင်္သတကားလမ်းဘေး ကျေးရွာများတွင် ပဲတိုင်တောင်သီးနှံကို စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ဓနုဖြူမြို့နယ်တွင် ဟင်းသီးဟင်းရွက်စိုက်ဧက ၈၆၁ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။

17 Dec 2024

              ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြို့မဈေး၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၃) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မွေးမြူရေးလုပ်ငန်းရှင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကြက်ဥ၊ ဘဲဥ ၊ ကြက်သား(CP) ၊ ငါးများကို သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

17 Dec 2024

              စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ၃.၁၂.၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့ ဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ ကြံခင်းမြို့ မြို့မဈေးအတွင်းရှိ ကြက်ဥ၊ ဘဲဥအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

Pages