
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်း ပန်းဂေါ်ဖီများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ပန်းဂေါ်ဖီများကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်း စသည့် ဒေသများမှ ဝင်ရောက်လာ သည့် ဂေါ်ရခါးညွန့်နှင့် ပန်းဂေါ်ဖီများကို အရောင်းအဝယ် ကောင်း နေကြောင်းသိရှိရပါသည်။ ဂေါ်ရခါးညွန့်နှင့် ပန်းဂေါ်ဖီများကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီး အရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။
၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာ တတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ ပန်းဂေါ်ဖီစျေးနှုန်းမှာ အပွင့်အသေး အကြီးပေါ်မူတည်၍ တစ်ပွင့်လျှင် (၁၃၀၀-၂၅၀၀) ကျပ်ဖြင့် တစ်နေ့လျှင် ၅ သိန်းကျော်ခန့်ရောင်းချရပြီး ကျေးရွာမှ လာရောက်ဝယ်ယူကြကြောင်း ကုန်စိမ်းရောင်း ချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
