ကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီး Teo Lay Cheng က ကမ္ဘောဒီးယား နိုင်ငံနှင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် အထက် လွှတ်တော် ဥက္ကဋ္ဌ Hun Sen နှင့် ၁၁-၃-၂၀၂၅ ရက်နေ့က တွေ့ဆုံစဥ် ကတိပြုခဲ့ကြသည်။ Teo Lay Cheng က နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်မှုတို့ကို ပိုမိုမြှင့်တင်ရန်နှင့် ကမ္ဘောဒီးယားနိုင်ငံတွင် စင်္ကာပူရင်းနှီးမြှုပ်နှံသူများ ပိုမိုရင်းနှီးမြှုပ်နှံရန် ဆက်လက်အားပေးသ

ကမ္ဘောဒီးယားနိုင်ငံ၊ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုဝန်ကြီး Hem Vanndy သည် ကမ္ဘောဒီးယားနိုင်ငံ၏ ရေရှည်တည်တံ့သော စက်မှုဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရန်အတွက် ဂျပန်နိုင်ငံ၏ ဆယ်စုနှစ်ပေါင်းများစွာအတွေ့အကြုံနှင့် စက်မှုစီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှုများ ကို မည်သို့မည်ပုံအသုံးချမည်ကိုဆွေးနွေးရန်အတွက် ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန(METI)နှင့် Japan Environmental Management Association for Industry (JEMAI) မှကိုယ်စားလှယ်အဖွဲ့

ကမ္ဘောဒီးယားနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု မတည်ငွေ အမေရိကန်ဒေါ်လာ ၃၂၁ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၄၄ ခုရှိခဲ့ပြီး အလုပ်အကိုင်ပေါင်း ၂၅,၀၀၀ ခန့်ဖန်တီးပေးနိုင်ခဲ့ကြောင်း အတည်ပြုခဲ့ သည်။ (CDC) ၏ထုတ်ပြန်ချက်အရ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအားလုံးသည် အထူးစီးပွားရေးဇုန် ပြင်ပတွင် ၂၁ ခုနှင့် အထူးစီးပွားရေးဇုန်အတွင်း ၂၃ ခု ရှိကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရင်းနှီးမြှု

ကမ္ဘောဒီးယားနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ(CIB) ၏ ဒုတိယထွေထွေအတွင်းရေးမှူး Suon Sophal သည် ၁၀-၃-၂၀၂၅ ရက်နေ့က တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် Li Yongjun နှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးနှင့် ကမ္ဘောဒီးယား-တရုတ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ Suon Sophal က ကမ္ဘောဒီးယားနိုင်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတကုန်စည်ဒိုင်တွင် ၂၀၂၄-၂၀၂၅ခုနှစ်ထွက် ဆောင်းသီးနှံ ပဲမျိုးစုံများလည်း ဈေးကွက်သို့ ဝင်ရောက်နေပြီဖြစ်သဖြင့် မတ်ပဲ၊ ပဲတီစိမ်းဆီပြောင်၊ ပဲတီစိမ်းအနီ၊ ပဲယင်းနီ၊ ပဲပုတ်ဆီတိုး၊ ပဲလွန်းဖြူ၊ ပဲလွန်းနီအစရှိသော ပဲများကိုအရောင်းအဝယ် ပြုလုပ်နေကြောင်းသိရှိရပါသည်။ ယခုတစ်ပတ်မတ်ပဲဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၉၆၀၀ဝိ/) ပဲယင်းနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို ( ၇၉၀၀၀ )ကျပ် ၊ ပဲတီစိမ်း ဆီပြောင်ဈေးမှာ ပိဿာ(၂၀) တစ်တင်းကို (၁၀၂၀၀၀)ကျပ်၊ ပဲတီစိမ်းအနီဈေးမှ
