ကုန်သွယ်မှုသတင်းများ
ဗီယက်နမ်၏ မော်တော်ယာဥ်ဈေးကွက်သည် ဖေဖော်ဝါရီလတွင် အရှိန်အဟုန်ဖြင့် တိုးတက်မှု ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး စုစုပေါင်း မော်တော်ကားရောင်းချရမှုမှာ အစီးရေ ၂၁,၆၀၆ စီးရှိကာ တစ်နှစ် ထက်တစ်နှစ် ၈၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း နိုင်ငံပိုင် ဗီယက်နမ်သတင်းအေဂျင်စီက မတ်လ ၁၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ပြည်တွင်း၌ တပ်ဆင် မော်တော် ယာဉ်များ တင်သွင်းမှုထက် သာလွန် ခဲ့ပြီး ပြည်တွင်းထုတ် ကားများ ရောင်းအား လစဉ် အစီးရေ ၁၁၀၆၇ စီး မှ ၂၁ ရာခိုင်နှုန်း တိုးလာကာ တင်သွင်းသည့် မော်တော်ယာဉ်များရောင်းအာ

အမေရိကန်ပြည်ထောင်စုသည် ရုရှား၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဘဏ်လုပ်ငန်း ကဏ္ဍများအပေါ် ကန့်သတ်ချက်များ တင်းကျပ်ထားကြောင်း CBC သတင်းအရသိရသည်။ အမေရိကန် ဘဏ္ဍာရေး ဌာနသည် ဇန်န၀ါရီလတွင် Biden စီမံအုပ်ချုပ်မှုမှ စတင်ခဲ့သော ရက် ၆၀ ကင်းလွတ်ခွင့်ကို မတ်လ ၁၂ ရက်နေ့တွင် အဆုံးသတ်ခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့ထားသော ရုရှားဘဏ်များအပါအဝင် စွမ်းအင်ဆိုင်ရာ အရောင်းအဝယ်အချို့ကို ဆက်လက် လုပ်ဆောင်နိုင်ခဲ့ကြောင်း CBC သတင်းဌာနက ဖော်ပြခဲ့ သည်။ အမေရိကန် ဘဏ်လုပ်ငန်း စနစ်များသို့ ဝင်ရောက်ခွင့်ကို တင်းကျပ်ထားခြင်းကြ

ထုတ်လုပ်မှု ရင်းနှီးမြှုပ်နှံမှု ဝယ်လိုအား နည်းပါးခြင်းကြောင့် တောင်ကိုရီးယား၏ ပြည်ပ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၄ခုနှစ်တွင် ကျဆင်းသွားကြောင်း အစိုးရအချက်အလက်များ က သောကြာနေ့တွင် ဖော်ပြခဲ့သည်။ နိုင်ငံခြား အစုရှယ်ယာများ ဝယ်ယူခြင်းနှင့် နိုင်ငံခြား ရုံးခန်းများ တည်ထောင်ခြင်းမှ တစ်ဆင့် ပြည်ပရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၆၃.၉၅ ဘီလီယံ ရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ထု

ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ရန်နှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်မှုကိုအာမခံရန် တရုတ်နိုင်ငံသည် အဓိကကျကြောင်း ဗြိတိန်စီးပွားရေး အသိုက်အဝန်းက မတ် ၁၄ (ဆင်ဟွာ) ၌ ပြုလုပ်သည့် 3rd China International Supply Chain Expo (CISCE) ၏ လန်ဒန်လမ်းပြပွဲ၌ မတ်လ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ လန်ဒန်မြို့တော်ဝန် Alastair King က ကုန်စည်ပြပွဲသည် "ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များ၏ တည်ငြိမ်မှု၊ ပွင့်လင်းမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် အရေးကြီးသောပလက်ဖော

သီရိလင်္ကာနိုင်ငံ၏ အုန်းသီးထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၃၃.၁ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ၃၂.၃ ရာခိုင်နှုန်း သိသိသာသာ ကျဆင်းခဲ့ကြောင်း နိုင်ငံ ဗဟိုဘဏ်၏ သောကြာနေ့ကဖြန့်ဝေသည့် စိုက်ပျိုးရေးဆိုင်ရာ အချက်အလက် စာစောင်တွင် ဖော်ပြထားသည်။ ကုန်းတွင်းငါးဖမ်းလုပ်ငန်းများ ကျဆင်းမှုကြောင့် ဒီဇင်ဘာလ တွင် ငါးထုတ်လုပ်မှု ၁၂.၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာလတွင် လက်ဖက်ထုတ်လုပ်မှု ၉ .၆ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွ
