ကုန်သွယ်မှုသတင်းများ
အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်မှု (Forex) အရန်ငွေသည် မတ် ၇ ရက်ကုန်ဆုံးသည့် သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၅.၂၆၇ ဘီလီယံမှ ၆၅၃.၉၆၆ ဘီလီယံအထိ သိသိသာသာ တိုးလာကြောင်း နိုင်ငံ၏ဗဟိုဘဏ်မှထုတ်ပြန်သော အပတ်စဉ် အချက်အလက် များအရသိရသည်။
၎င်းကို ၂၀၂၁ ခုနှစ်မှစ၍ Forex အရန်ငွေ သတ်မှတ်ချက်များတွင် အကြီးမားဆုံး အပတ်စဉ် အမြတ်အဖြစ် ဖော်ပြခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် အလွန်အမင်း ဆင်းရဲမွဲတေမှု ပပျောက်ရေး အတွက် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း ကွန်မြူနတီ စွမ်းအားမြှင့်တင်ရေး ညှိနှိုင်းရေးဝန်ကြီး Abdul Muhaimin Iskandar က မတ်လ ၁၄ ရက်နေ့ တွင်ပြောကြားခဲ့သည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအရှိန်မြှင့်ရန်နှင့် အလွန်အမင်း ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး နည်းလမ်း များကို ဆွေးနွေးရန် ဝန်ကြီးဌာနများနှင့် အေဂျင်စီများ တွေ့ဆုံ မှုများပြုလုပ်ခဲ့ပြီး သမ္မတ၏ ညွှန်ကြားချက်ကို ၂၀၂၆ ခု

နယူးဇီလန်နှင့် အိန္ဒိယတို့သည် ဘက်စုံလွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTA) ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကိုဆောင်ရွက်ရန် နှစ်နိုင်ငံကုန်သွယ်ရေးဝန်ကြီးများ တွေ့ဆုံပြီးနောက် ဧပြီလတွင် စတင်ရန် သဘောတူညီခဲ့ကြသည်။

အီသီယိုးပီးယား-ဂျီဘူတီ မီးရထားလမ်းသည် အီသီယိုးပီးယား၏ ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍကို ချောမွေ့စေပြီး နိုင်ငံ၏သွင်းကုန်-ပို့ကုန် ကုန်သွယ်မှုအတွက် အရေးပါသော လမ်းကြောင်းတစ်ခု အဖြစ် လုပ်ဆောင်နေကြောင်း အီသီယိုးပီးယား အကြီးတန်းအရာရှိများက ပြောကြားခဲ့သည်။ အီသီယိုးပီးယား၏ သယ်ယူပို့ဆောင်ရေးနှင့် သွင်းကုန်-ပို့ကုန် ထောက်ပံ့ ပို့ဆောင်ရေးကဏ္ဍတွင် ပါဝင် ပတ်သက်သူများနှင့် တာဝန်ရှိသူများက စနေနေ့တွင် တွေ့ဆုံစဉ်ယင်းကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ် သည်။ ဆွေးနွေးပွဲတွင် အီသီယိုးပီးယား သယ်ယူပို့ဆေ

အီရတ်နိုင်ငံခြားရေးဝန်ကြီး Fuad Hussein သည် လျှပ်စစ်၊ သဘာဝဓာတ်ငွေ့နှင့် ရေနံကဏ္ဍ များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန်အတွက် တူရကီစွမ်းအင်နှင့် သဘာဝအရင်း အမြစ်ဝန်ကြီး Alparslan Bayraktar နှင့် မတ်လ ၁၆ ရက်နေ့တွင် တွေ့ဆုံခဲ့သည်။ အီရတ်နိုင်ငံခြား ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နှစ်နိုင်ငံ အရာရှိများသည် အီရတ်၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် တူရကီကုမ္ပဏီများကိုအားပေးရန် နည်းလမ်းများကိုရှာဖွေခဲ့ ကြသည်။ ရာသီအလိုက် ပြတ်တောက်မှုများကိုဖြေရှင်းရန်အ
