ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Mar 2025

  စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် ခရမ်းသီး ပင်များစိုက်ပျိုးကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးသူဦးဝင်းအောင်၏ ပြောပြချက်အရ သိရသည်။

18 Mar 2025

ကောက်ရိုးမှိုစိုက်ပျိုးခြင်းသည် မြန်မာလူမျိုးတို့နှင့် မစိမ်းပါ။ ကောက်ရိုးမှိုသည် သဘာဝ အလျောက် ကောက်ရိုးပုံ၊ ကောက်ရိုးပြတ်ပုံများမှ အလိုအလျောက်ကောက်ရိုးမှိုများ ပွင့်ထွက်လာ သည်ကိုလည်း တွေ့ရကြောင်း၊ ကျေးလက်ဒေသများတွင် ကောက်ရိုးပုံများကို ရေလောင်းခြင်း၊ ဆန်ကွဲ၊ ဖွဲနုများကြဲပက်ပေးခြင်းဖြင့် ကောက်ရိုးမှိုစိုက်ပျိုးကြကြောင်း၊ ကောက်ရိုးမှိုကို စနစ်တကျ စိုက်ပျိုးခြင်းမရှိလျှင် အထွက်နှုန်းမကောင်းခြင်း၊ လုံးဝမထွက်ခြင်း၊ အထွက်နောက်ကျခြင်းနှင့် အပွင့်ငယ်ခြင်းတို့ ဖြစ်တတ်ကြောင်း သိရသည်

18 Mar 2025

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာတွင် ကျောက်ဖ ရုံပင်များ စိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေများ ရရှိလျက်ရှိကြောင်း၊ ကျောက်ဖရုံပင်စိုက်ပျိုးရာတွင် စင်တင်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ မြေလွှတ်စိုက်ပျိုးခြင်း စသည်ဖြင့်ရှိပြီး စင်တင်စနစ်ဖြင့် အများဆုံး စိုက်ပျိုးကြောင်း ကျောက်ဖရုံပင် စိုက်ပျိုးသူ ဦးမောင်ဝင်း၏ ပြောပြချက်အရ သိရသည်။

18 Mar 2025

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက်စိုက်ပျိုးကြကြောင်း ဈေးကွက်အတွင်းလူကြိုက်များပြီး အရောင်းအဝယ်သွက်သည့် မုန့်ညှင်းရွက်များ ရောင်းချလျက်ရှိသည်။

18 Mar 2025

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက်စိုက်ပျိုးကြကြောင်း ဈေးကွက်အတွင်းလူကြိုက်များပြီး အရောင်းအဝယ်သွက်သည့် ကိုက်လန်ရွက်များ ရောင်းချလျက်ရှိသည်။

Pages