ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Mar 2025

          ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများမှ တနိုင်တပိုင် ကြံစိုက်တောင်သူများမှ နဝဒေးသကြားစက်သို့ ကြံများရောင်းချကြပါသည်။ ကြံ(၁)တန်လျှင် စက်ရုံမှ (၁၈၀၀၀၀)ကျပ်ဈေးဖြင့် ဝယ်ယူ၍ (၂၇.၁.၂၀၂၅)နေ့ထိ ကြိတ်ဝါးပြီး ကြံတန်ချိန် (၁၈၅၉၂၃.၉၀)တန်၊ ကြိတ်ဝါးပြီး သကြားတန်ချိန်(၁၇၈၀၀.၆၀)တန် ဖြစ်ကြောင်း သိရှိရပါသည်။ နဝဒေးသကြား စက်မှုထုတ်လုပ်ရရှိသည့် သကြားများကို ပြည်တွင်းမှာပင် ပြန်လည်၍ ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။

18 Mar 2025

          ပြည်ဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ်များ အောက်တိုဘာလကုန်ပတ်တွင် စတင်ဝင်ရောက် လာခဲ့ပြီး ယခုနှစ်ဆန်းပိုင်းမှာတော့ ပြည်အနီးတဝိုက်နှင့် မင်းတုန်း၊ ကံမ ဖက်မှ ဝင်ရောက်မှုများ ရှိသော်လည်း အိတ်အနည်းငယ်သာ ဝင်ရောက်ခဲ့သည့်အတွက် နေ့စဉ်အရောင်းအဝယ်မဖြစ်ဘြ တစ်ခါတစ်ရံမှသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။ အရောင်းအဝယ်ဖြစ်သည့်ရက်တွင် အိတ်(၂၀၀)ကျော်ရောင်းချခဲ့ကြပါသည်။ ပဲဈေးနှုန်းအနေဖြင့်ပိဿာ(၂၀)၊ တစ်တင်း(၉၉၀၀၀)ကျပ်မှ ()ကျပ်ထိ ဈေးမြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ပဲသစ်ပေါ်စ အချိန်က တစ်တင်

18 Mar 2025

          ပြည်ပဲဈေးကွက်သို့ ဘိုကိတ်ပဲသစ်များ အထွက်လှိုင်လာသည့်အတွက် ဝင်ရောက်မှုအနေဖြင့် တစ်ရက်ကို အိတ်(၂၀၀-၂၅၀)ကျော်ဝင်ရောက်လာခဲ့ပါသည်။ မင်းတုန်း၊ ကံမ၊ ပန်းတောင်း မြို့နယ်များမှ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြိး ဒေသတွင်း လက်လီသမားများသည် နေ့စည်အဝယ်ရှိနေသလို လက်ကားဝယ်ယူမှုများလည်းရှိကြောင်းသိရပါသည်။ ဈေးနှုန်းအနေဖြင့် တစ်တင်း (၈၅၀၀၀) ကျပ် ဖြင့် ရောင်းဝယ်လျက်ရှိခဲ့တာကြောင့် ပဲသစ်ပေါ်စအချိန် ‌ဈေးနှုန်းထက် ဈေးအနည်းငယ် လျော့နည်း သွားခဲ့ပါသည်။ ပဲသစ်ပေါ်စအချိန်ဈေးနှုန်းမျာ တစ်တင်းကျပ် (၁၀၀၀

18 Mar 2025

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင် (၁၀)ဆိုင် နီးပါးခန့် ရှိပါသည်။ ဆိုင်ကြီးမှာ (၄)ဆိုင်နီးပါးခန့် ရှိ၍ ယခုတစ်ပတ်တွင်း ဘိလပ်မြေ ဈေးမှာ ပိုမို၍ ယခင်အပတ်ကထက်အနည်းငယ်မြင့်တက်လာခဲ့ပါသည်။ မြို့တွင်းဆိုင်ကြိးများမှာ ရန်ကုန် ကုမ္ပဏီ ကြီးများဖြစ်သော နိုင်းနိုင်းကုမ္ပဏီနှင့် ရွှေမေတ္တာကုမ္ပဏီကြီး များဝယ်ယူ ရောင်းချ ကြပြီး ယခင်နှစ်ကုန် လများမှ စတင်၍ ဘိလပ်မြေမှာ လိုအပ်သလောက် ဝယ်ယူမရရှိခဲ့ကြောင်း၊ ကျောက်ဆည်ဘိလပ်မြေ စက်ရုံမှ ဘိလပ်မြေ

18 Mar 2025

          ပြည်ဈေးကွက်တွင် အရသာခါးသက်မှုရှိသော တမာရွက်ကို အချဉ်ဖေါက်ထားသော တမာချဉ် များ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ဒေသအနီးရှိ ကျေးရွာများနှင့် ပြည်မြို့ တစ်ဖက်ကမ်းရှိ ဖိုးနီတောင်၊ ညောင်ပင်သာ၊ မကျီစုရွာများမှ ပြည်ဈေးကွက်သို့ ဝင်ရောက်လျက်ရှိပါသည်။ တမာ ချဉ်ကို ပြုလုပ်ရာတွင် တမာရွက်နုနုကို ရေနွေးကျွတ်ကျွတ်ဆူတွင် နွမ်းသွားယုံနှစ်ကာဆယ်၍ အေးအောင်ထားကာ ကြိုပြိးသားဆီးသီးရည်ထဲတွင် ဆားငံငံခတ်ပြီး တမာရွက်နုနုအစည်းများကို အိုးသန့်သန့်ထဲတွင်ထည့်ပြီး ဖိသိပ်ထားကာ အပေါ်မှဆားကို မနည်းမမ

Pages