ကုန်သွယ်မှုသတင်းများ

Powered by Drupal
11 Dec 2024

          ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနရှိဝန်ထမ်းများသည် (-၁၂-၂၀၂၄) ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်ရှိအခွန်လွတ်ဈေးတွင် ကြက်ဥအလုံး(၃၀၀)အားသွားရောက်၍ ရောင်းချခဲ့ကြောင်းသိရှိရပါသည်။

11 Dec 2024

          ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနရှိဝန်ထမ်းများသည်     (၃.၁၂.၂၀၂၄)ရက်နေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် လပွတ္တာမြိုု့နယ်ရှိ အမှတ်(၁)ရပ်ကွက်ဈေးတွင် ကြက်ဥအလုံး(၃၀၀၀)နှင့် ရွေးနဒီရေပေါ် ဈေးတွင် ကြက်ဥအလုံး(၃၀၀၀) သွားရောက်၍ ရောင်းချခဲ့ကြောင်းသိရှိရပါသည်။

11 Dec 2024

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်တွင်း ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်အတွက်ရည်ရွယ်၍ ကြက်ဥ၊ ဘဲဥများကို နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

11 Dec 2024

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဗူးပင်စိုက်ပျိုး၍ ဗူးသီးထွက်ရှိနေပြီး ရန်ကုန်သို့တင်ပိုလျက်ရှိကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ နှစ်တွင် ဟင်းသီးဟင်းရွက်စိုက်ဧက ၁၂၇၉၀ စိုက်ပျိုးထားရှိကြောင်း သိရသည်။ ညောင်တုန်းတွင် ဗူးပင်စိုက်ဧက ၄၅၀ ခန့်ရှိကြောင်း သိရသည်။

11 Dec 2024

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ ဥစားကြက်နှင့် ဘဲမွေးမြူရေးလုပ်ငန်းများရှိပြီး တိုင်းဒေသကြီးမြို့နယ်များအတွင်းသို့ ကြက်ဥ၊ ဘဲဥများဖြန့်ဖြူး တင်ပို့ရောင်းချပေးလျက်ရှိကြောင်း သိရသည်။  

Pages