ကုန်သွယ်မှုသတင်းများ
မန္တလေးတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများသည် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့်သီးနှံများကိုစိုက်ပျိုးသည့်အပြင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကိုလည်း နှစ်စဉ် ရာသီအလိုက် စိုက်ပျိုးကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ကြံစိုက်ပျိုးမှု (၇၈)ဧက စိုက်ပျိုးထားရှိပြီး စျေးကောင်းရရှိနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အမှတ်၁ရပ်ကွက် ဝေဋုဝန်ကျောင်းလမ်း တွင် ကွမ်းသီးအရည်သောက် ဟူခေါ်သော ကွမ်းသီးအနု နှစ်စဉ် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရသည်။ ကွမ်းသီးအရည်သောက် (သို့) ကွမ်းသီးအနုသည်ကွမ်းသီးပင်စတင်သီးချိန်၊ အရည်နုလေးများ စတင်ထည့်ချိန် အရွယ်အစားလုံးပတ်အချင်း ၁ လက်မခန့်၊ အလေးချိန် 20kg နှင့် 30kg အကြားတွင် စတင်ဆွတ်ခူး၍ ရောင်းချကြသည်။ အဝိုင်းသီးနှင့်အချွန်းသီးပုံစံနှစ်မျိုးဖြင့် သီးလေ့ရှိပြီး အဝိုင်းသီးခေါ်သံပုရာသီးပုံစံကို ပယ်၍အချွန

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်အတွင်းရှိ တလုပ်လပ်အနောက်ရွာတွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုး လျက်ရှိပြီး ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ စိုက်ပျိုးကြကြောင်း၊ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် ဆောင်းစိုက်ကိုသာ ဦးစားပေး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးသည့် ကွမ်းအမျိုးအစားများမှာ ကွမ်းရွက်စိမ်း ကိုသာ စိုက်ပျိုးကြကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်ရှိ ပဲဈေးကွက်အနေဖြင့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်နှင့်မတ်လပထမပတ်တို့တွင် မတ်ပဲ((၂၀)ပိဿာတစ်တင်းကို ၉၉၀၀၀/ကျပ်ရှိခဲ့ပြီး မတ်လဒုတိယပတ်တွင် ၉၆၃၀၀ ကျပ်ရှိခဲ့ရာ အနည်းငယ်ကျဆင်းသွားကြောင်း ပဲငပိ (၂၀)ပိဿာ တစ်တင်းကို ၁၁၂၀၀၀ကျပ်၊ကုလားပဲ(၂၀)ပိဿာတစ်တင်းလျှင် ၆၉၀၀၀ကျပ်၊စားတော်ပဲတစ်ပြည်ကို ၉၀၀၀ကျပ်၊ပဲဖြူသေးတစ်ပြည်လျှင် ၁၁၀၀၀ကျပ်၊ဘိုကိတ်တစ်ပြည်လျှင် ၇၅၀၀ ကျပ်၊ပဲနီစေ့တစ်ပြည် လျှင် ၇၅၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးအတွင်းပဲမျ
