ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် စပါးဈေးကွက်အခြေအနေမှာဖေဖော် ဝါရီလနောက်ဆုံးပတ်နှင့် မတ်လပထမပတ်တို့တွင် ဆင်းသုခ၊မနောသုခစပါး ၄၆ပေါင်တင်း ၁၀၀လျှင် ၁၆၅၆၀၀၀/ရှိခဲ့ပြီး မတ်လဒုတိယပတ်တွင် ၁၇၀၂၀၀၀/ရှိခဲ့ကာ စပါးဈေးအနည်းငယ်သာ မြင့်တက် ခဲ့ပြီး အရောင်းအဝယ်အေးလျက်ရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ် ယခုနှစ်မတ်လပထမပတ်မှစ၍အလှူအတန်း များပေါများသဖြင့် ငါးခြောက်ဈေးကွက်များ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးကြီး အတွင်းငါးခြောက်ကုန်သည်ကြီးများထံမှ သိရှိရပါသည်။ အများအားဖြင့်ငါးအသားခြောက်၊ငါးတံခွန် ခြောက်များ ပိုမိုရောင်းရပြီး ငါးခြောက်ထောင်းပြုလုပ်ရန် ဝယ်ယူလျက်ရှိကြကြောင်း ရန်ကုန်မှမှာယူ ရောင်းချကြောင်းသိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့ စည်ပင်သာယာဈေးတွင်းရှိသော ဂျင်း ဈေးနှုန်းများမှာ ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ဂျင်း (၁၀)ကျပ်သားလျှင် ၁၀၀၀ ကျပ်ရှိခဲ့ပြီး မတ်လဒုတိယပတ်တွင်လည်း ၈၀၀ ကျပ်ရှိနေပါသည်။ ဂျင်းဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်းသိရှိ ရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် (၅၀၀၀/ ၄၀၀၀/ ၃၀၀၀) ကျပ်၊ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ရှိနေခဲ့ပြီးမတ်လဒုတိယပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် (၃၀၀၀/၂၅၀၀/၂၀၀၀/)ဈေးနှုန်းတို့အသီးသီးရှိနေကြပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့ရှိ မတ်လတွင် ရောင်းချနေ သော ပန်းဈေးနှုန်းများကတော့ သစ်ခွပန်း (၁)ခက် ၁၀၀၀ ကျပ်၊ကြယ်တာယာပန်း (၁)စည်း ၂၀၀၀ ကျပ်၊ နှင်းဆီအပွင့်ကြီး (၁)စည်း ၃၀၀၀ ကျပ်၊နှင်းဆီပန်းအပွင့်သေး(၁)စည်း ၁၅၀၀ ကျပ်၊အောင် သပြေ(၁)စည်း ၅၀၀ ကျပ်၊ ဂန္ဓာမာပန်းအပွင့်ကြီး (၁)စည်း ၅၀၀၀ ကျပ်၊ဂန္ဓာမာပန်း အဖြူ(၁)စည်း ၃၀၀၀ကျပ်၊ဂန္ဓာမာအပွင့်သေးအဝါ (၁)စည်း ၂၀၀၀ ကျပ်၊မေမြို့ပန်းတစ်စည်း ၁၅၀၀ကျပ်၊ သစ္စာပန်းတစ်စည်း ၁၅၀၀ ကျပ်၊ ဇော်ကြားပန်း (၁)စည်း ၁၀၀၀ ကျပ်၊ ဇေ
