ကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်၊ ပြည်မြို့နယ် စည်ပင်သာယာဈေးများတွင် ဆီးသီးများစတင် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်းသိရပါသည်။ ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွားများမှ အဝင်ရှိပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်လည်းရှိပါသည်။ ဆီးသီးဈေးမှာ တစ်ပိဿာလျှင် (၃၀၀၀-၄၀၀၀)ကျပ်နှုန်း ခန့်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။ ဆီးသီးအမျိုးမျိုးရှိရာ အများအားဖြင့် ဆီချဉ်သီး များဖြစ်ကြပါသည်။ ဆီးသီးအမှည့်များကို တချို့ကခူး၍ရောင်းချကြသလို တချို့မှာ ဆီးသီးကို အခြောက်ခံ၍ ဆီးယိုထိုး၍လည်းကောင်း၊ အမှုန့်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ခရမ်းဖြူသီး(ခ) ခရမ်းမီးအုံးသီး များကို စီးပွားဖြစ်စိုက်ပျိုးသောကြောင့် အများအပြားထွက်ရှိသော ဒေသများဖြစ်ပါသည်။ ထွက်ရှိ လာသော ခရမ်းဖြူသီးများကို ဒေသတွင်းရောင်းချသည့် အပြင်ရန်ကုန်သို့လည်း တင်ပို့ရောင်း ချကြောင်း သိရပါသည်။ ယခုအချိန်သည် ရာသီစာသီးနှံ တစ်မျိုးဖြစ်သည့် ခရမ်းဖြူသီး (ခ)ခရမ်းမီးအုံးသီးကို ချက်၍စားသည့်အပြင် နှပ်စား၊ မီးဖုတ်ပြီး သုတ်စားလို့လည်းရပါသည်။ ရာသီစာဖြစ်သောကြောင့် အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ခရမ

ကြက်သွန်မျိုးစိတ်အများအပြားရှိသည့်အထဲတွင် ရဲကျွန်း(ခေါ်)မင်းတုန်းကြက်သွန်နီသည် အသေးဆုံးနှင့် အချိုဆုံးကြက်သွန်နီဖြစ်ပါသည်။ ရိုးရိုးကြက်သွန်နီများကို ဈေးများတွင် အလွယ် တကူဝယ်ယူ၍ ရသော်လည်း မင်းတုန်းကြက်သွန်နီသည် တစ်ရာသီပဲပေါ်သောကြောင့် ယခုအချိန် တွင် ဝယ်ယူစုဆောင်းထားသင့်ပါသည်။ ပင်ခြောက်ဆောင်း ကြက်သွန်နီဖြစ်သောကြောင့် နှစ်ပေါက် အထားခံသောကြက်သွန်ဖြစ်ပါသည်။ မင်းတုန်းကြက်သွန်နီဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် တစ် ပိဿာကို (၃၀၀၀)ကျပ်၊ အထုံးတစ်ထုံးလျှင် (၃၀၀)ကျပ်နှုန်း ရောင်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် နတ်တလင်းမြို့ အရှေ့ဘက် သဲချောင်းရွာတွင် ကြက်သွန်ပင်များ စိုက်ပျိုးကြပါသည်။ ကြက်သွန်ပင်များတစ်တောင်ကို အပင်စိတ်လျှင် (၆၀၀၀) ကျပ်ဖြင့်ရောင်းချပြီး အပင်ကြဲလျှင် (၇၀၀၀)ကျပ်ဖြင့် ရောင်းချပါသည်။ ကြက်သွန်ပင်စိုက်ပျိုးမည် ဆိုလျှင် အရင်ဘောင်ဆွဲမြေဆွပြီးမှသာလျှင် စိုက်ပျိုးကြရပါသည်။ ကြက်သွန်ပင်တစ်ဘောင်ကို ဘောင်ကျဉ်း လျှင်တစ်ဒေါင်ဖြင့်သာ စိုက်ပျိုးကြရပါသည်။ ဘောင်ကျယ်လျှင်တစ်ဒေါင်ခွဲနှစ်ဒေါင်ခန့် စိုက်ပျိုးကြရ ပါသည်။ စိုက်ပျိုးပြီးလျှင် မနက
