ကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Mar 2025

မတ်လဒုတိယပတ်အတွင်း  ကြက်ဥစျေးမှာ  မတ်လပထမပတ်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက  ကြက်ဥစျေးအနည်းငယ်ကျဆင်းသော်လည်း ဘဲဥနှင့် ငုံးဥဈေးမှာဈေးငြိမ်နေကြောင်း  သိရပါတယ်။ မန္တလေးစျေးကွက်အတွင်း  ပြင်ဦးလွင်မြို့နယ်၊   ပြင်စာကျေးရွာမွေးမြူရေးခြံထွက်ကြက်ဥများဝင် ရောက်မှုအများဆုံးဖြစ်ပြီး၊ ကျောက်ဆည်၊ မြစ်သား၊ မြို့သာမြို့နယ်ရှိ ခြံများမှလည်းဝင်ရောက်ကြောင်း သိရပါတယ်။ ဘဲဥမှာ အမရပူ၊ ပုသိမ်ကြီး၊မတ္တရာမြို့နယ်ရှိခြံများမှ ဝင်ရောက်မှုများပြီး၊ကျန် ဒေသ များမှလည်း  ဝင်ရောက်ကြောင်း သိရပါတယ်။     ငုံးဥမ

17 Mar 2025

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်အသစ်များ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်း မြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

17 Mar 2025

          မွန်ပြည်နယ်၏ ကွမ်းသီးဈေးနှုန်းမှာ ယခုမတ်လတွင် ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်ရှိ မော်လမြိုင်နှင့်ရေးမြို့နယ်မှ အထွက်များသော ကွမ်းသီးဈေးနှုန်းမှာ မော်လမြိုင် အညိုသီး (အသန့်) (၁) ပိဿာလျှင် ၁၆၅၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး (အသန့်) (၁) ပိဿာလျှင် ၁၇၅၀၀ ကျပ်၊ ရေးသီး (အသန့်) (၁) ပိဿာလျှင် ၁၉၅၀၀ ကျပ်ဖြစ်သည်။

17 Mar 2025

          မွန်ပြည်နယ်သည်ကျွဲကောသီးထွက်ရှိရာ ပြည်နယ်တစ်ခုဖြစ်ပါသည်။ ကျွဲကောသီးအများ ဆုံးထွက်ရှိသော မြို့နယ်များမှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မုဒုံ၊ မော်လမြိုင်မြို့နယ်များဖြစ်ပြီး ယခု မတ်လ ဒုတိယအပတ်တွင် ဖြစ်ပေါ်နေသော ကျွဲကောသီးဈေးနှုန်းများမှာ ပန်းရောင်ကျွဲကောသီး(အကြီး) ၂ကီလိုအထက် ၅၀၀၀ကျပ်၊ ပန်းရောင်ကျွဲကောသီး(အလတ်) ၂ကီလို ၄၀၀၀ ကျပ်၊ ပန်းရောင်ကျွဲကောသီး(အငယ်) ၂ကီလိုအောက် ၃၀၀၀ ကျပ်၊ ကျွဲကောသီးအဖြူ(အကြီး) ၂ကီလို ၃၀၀၀ ကျပ်၊ ကျွဲကောသီးအဖြူ (အငယ်) ၁.၅ကီလို ၂၀၀၀ ကျပ်ဖြစ်ပေါ်လျက်ရှ

17 Mar 2025

 

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်သည် အပူပိုင်းဒေသဖြစ်၍  အပူပိုင်းဒေသပေါက်ရောက် သောအပင်များမှာ မန်ကျည်း၊ ကုက္ကိုလ်၊ တမာ၊ ထနောင်း၊ ရှားပင်နှင့် အခြားဆေးဘက်ဝင်အပင်များဖြစ်သော ဆင်တုန်းမနွယ်၊ ကြက်ဟင်းခါး၊ ကင်ပုံလက်ချာအပင်များလည်းအလေ့ကျပေါက်ရောက်လျက်ရှိပါသည်။ ထိုအပင်များအနက်မှ ဆေးဘက်ဝင်အပင် တစ်မျိုးဖြစ်သည့် နေလဲပင်သည်လည်း အလေ့ကျပေါက်သော ဆေးဘက်ဝင်အပင်တစ်ပင်လည်းဖြစ်ပါသည်။

Pages