ကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Mar 2025

 ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံ ကိုလည်းစိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော နှမ်းသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

17 Mar 2025

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများ အပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်း၊ မတ်ပဲသီးနှံများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ မြေထူးကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ ညောင်ဇင်ကျေးရွာများမှ အဓိကဝင်ရောက်လျက်ရှိပြီး မတ်လ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၈၇၀၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင်(၉၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသော မတ်ပဲများကို ရွှေဘိုမြို့

17 Mar 2025

              မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိကသီးနှံ အဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်တွင် နေ့စဉ်အ‌ရောင်း အဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ (ဒုတိယပတ်)တွင် ကြက်သွန်နီပင်စိုက်များ တူးဖော်ချိန်ဖြစ်၍ ကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်သို့ ကုန်ချိန်ဝင်ရောက်မှုများပြီး ဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စိုက်ပျိုးမှုများသော ရွာသစ်ရပ်ကွက်နှင့် ကိုးတောင့်၊ အောက်ဆိပ်၊ မြင်ကဝ၊ ဂွေးပင်၊ ချောင်း

17 Mar 2025

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံ များအပြင် ဘိလပ်စေ့သီးနှံများလည်း စိုက်ပျိုးကြောင်း၊ ဘိလပ်စေ့ကို ယာကွက်လွတ်များ၌လည်း ကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုး ကြကြောင်း၊ ဘိလပ်စေ့သီးနှံများသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေး ရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး ဘိလပ်စေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် အပိုဝင်ငွေရရှိကာ

17 Mar 2025

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံ များအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲနီသီးနှံများသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်း ကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

Pages