
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ထန်းပင်မြစ်ကို မြို့ပတ်ဝန်းကျင်ရှိ ကျောက်တန်း၊ ရေမြက်၊ ပွင့်ဖြူမြို့နှင့် စကုမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ထန်းပင်မြစ်အချောင်း (၂၀) ပါ (၁)စည်းလျှင် ကျပ် (၄၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး နိုဝင်ဘာလ(တတိယပတ်)တွင် ထန်းပင်မြစ်အချောင်း (၂၀) ပါ(၁) စည်းလျှင် ကျပ်(၃၀၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၁၀၀၀)ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်း၌ လှိုင်လှိုင်ထွက်ရှိသော် လည်း ရာသီစာဖြစ်သည့်အတွက် ဈေးကွက်တွင် ဝယ်လိုအားမြင့်ပြီး အရောင်းအဝယ်မှာလည်း သွက် နေသောကြောင့် ဈေးနှုန်းမှာမြင့်တက်လာကြောင်း သိရှိရပါသည်။
DOCA(မကွေး)
