ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Oct 2024
မြန်မာနိုင်ငံအနှံ့အပြားတွင် မြေအမျိုးအစားမရွှေး ချင်းကိုစိုက်ပျိုးနိုင်သည်။ ဟင်းချက်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်နှင့် တိုင်းရင်းဆေးဖော်စပ်ရာတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သည်။ ချင်းစိုက်ပျိုးရန် အကောင်းဆုံးချိန်မှာ မေလဖြစ်ပြီး တစ်နှစ်ခံ ပင်ပျော့ပင်မျိုးဖြစ်သည်။ (၇-၈) လကြာလျှင် ချင်းတက်များရရှိပါသည်။ တစ်ဧကလျှင် ပိသာ (၂ ,၀၀၀) ခန့်ထွက်ရှိကြောင်းသိရသည်။
22 Oct 2024
ဗီယက်နမ်အစိုးရသည် ရေအောက်အင်တာနက်ကေဘယ်ကြိုးအသစ်နှစ်ခုကိုတပ်ဆင်ပြီး လာမည့်နှစ်တွင် နိုင်ငံအနှံ့ 5G မိုဘိုင်းလ်ဝန်ဆောင်မှုများဖြင့် ဖြန့်ကျတ်ထားရန် ရည်ရွယ်ထားကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။ အဆိုပါလှုပ်ရှားမှုသည် ဒုတိယဝန်ကြီးချုပ် Nguyen Hoa Binh က ဗုဒ္ဓဟူးနေ့တွင်ရေးထိုးခဲ့သည့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
22 Oct 2024
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမ ၉လတာကာလတွင် အမေရိကန်ဒေါ်လာ ၁၉.၈ ဘီလီယံတန်ဖိုးရှိသည့် ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၇% မြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အကောက်ခွန်နှင့် အခွန်ထွေထွေဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားသည် အမေရိကန်ဒေါ်လာ ၂၁ဘီလီယံတန်ဖိုးရှိသည့် ကုန်ပစ္စည်းများအား ပြည်ပဈေးကွက်မှ တင်သွင်းခဲ့ကြောင်း သိရပါသည်။ ထိုအချက်အလက်များအရ ကမ္ဘောဒီးယား၏ စုစုပေါင်းကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄၀.၉ ဘီလီယံက

Pages