ကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်၊ ပြည်မြို့ရှိပွဲရုံများနှင့် ဈေးကွက်များတွင် နှမ်းများအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအပတ်တွင် နှမ်းနီမှာဈေးအနည်းငယ်မြင့်တက်လာခဲ့ပါသည်။ နှမ်းအနီကိုဒေသတွင်း ဆီစက်သမားများကဝယ်ယူမှုရှိသဖြင့် ဈေးအနည်းငယ်မြင့်တက်လာပါသည်။ နှမ်းနက်နှင့် စမုံနက်နှမ်းမှာ ဝယ်ယူမှုနည်းသည့်အတွက် ဈေးမှာယခင်အပတ်ကအတိုင်း ငြိမ်နေကြောင်းတွေ့ရပါသည်။ ယခုအချိန်တွင် ဆောင်းနှမ်းများစိုက်ပျိုးချိန်ဖြစ်ပြီး ပြည်ခရိုင်အနေဖြင့် ပြည်မြို့နှင့်ရွှေတောင်မြို့နယ်တို့တွင် စိုက်ပျိုးထားကြောင်း သိရှိ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့အနီးရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းနှင့်လယ်ယာမြေများတွင် သီးပင်စားပင်များအပြင် မုန်လာဥပင်များ စိုက်ပျိုးထားကြပါသည်။ မုန်လာဥပင်စိုက်ပျိုးရန် အသင့်တော်ဆုံးမြေမှာ သဲနုန်းမြေဖြစ်သည်။ ဥအတွက်စိုက်ပျိုးရသော အပင်မျိုးဖြစ်သဖြင့် မြေကြီးနက်နက်အထိ မြေသားပွရန်လိုအပ်ပါသည်။ မုန်လာဥများကို စိုက်ပျိုးပြီး (၃၀) ရက်ခန့်အကြာတွင် နုတ်သိမ်းနိုင်ပါသည်။ အရွက်နှင့်အတူနုတ်သိမ်းရာ၌ ဥမကျိုးစေရန်ဂရုစိုက် ရပြီး အချိန်မီ မနုတ်သိမ်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဦးစီးမှူးရုံး အနေဖြင့်စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတတ်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆက်သွယ်တွေ့ဆုံ၍ အခြေခံစားကုန်စျေးနှုန်းများ ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေးစျေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိကြောင်း သိရှိရပါသည်။
ရွှေဘိုခရိုင်အနေဖြင့် စပါးကိုအဓိကစိုက်ပျိုးကြသော်လည်း မိုးကောင်းတောဒေသများတွင် ပဲ၊ ပြောင်း သီးနှံများကိုစိုက်ပျိုးကြရာ ၂၀၂၃-၂၀၂၄ခုနှစ်မိုးသီးနှံတွင် အစေ့ထုတ်ပြောင်း(၃၈၂၅)ဧက စိုက်ပျိုးကြောင်း၊ အစေ့ထုတ်ပြောင်းကို ပဲစဉ်းငုံနှင့် သီးညှပ်သော်လည်းကောင်း၊ သီးသန့် သော်လည်းကောင်းစိုက်ပျိုးကြပြီး ဇွန်လတွင်စတင်စိုက်ပျိုး၍ စက်တင်ဘာလတွင် ရိတ်သိမ်းကြကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ(၅၄)တင်းခန့် ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင