တရုတ်နိုင်ငံရှိ စီးပွားရေးစင်တာအသစ်များ တည်ဆောက်မည့်နေရာများကို ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့ စစ်ဆေး

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်ရေး အထွေထွေညွှန်ကြားရေးမှူးချုပ် Kith Pheara ဦးဆောင်သော ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်ပကုန်သွယ်ရေးတည်ရှိမှုကို တိုးချဲ့ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်ပြည်နယ်နှစ်ခုတွင် နေရာစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ အဖွဲ့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကမ္ဘောဒီးယား ပုဂ္ဂလိက ကူးသန်းရောင်းဝယ်ရေးစင်တာတစ်ခု တည်ထောင်ရန် အဆိုပြုထားသော နေရာအသစ်ကို ပြန်လည်သုံးသပ်ခဲ့သည်။ ဤနေရာကို ကမ္ဘောဒီးယားထုတ်ကုန်များကို မြှင့်တင်ရန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကုန်သွယ်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုကို အားကောင်းစေရန်အတွက် နောက်ထပ်ဗဟိုချက်တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် နောက်ထပ် ကမ္ဘောဒီးယား ပုဂ္ဂလိက ကူးသန်းရောင်းဝယ်ရေး  စင်တာတစ်ခု၏ လက်ရှိအခြေအနေကို အကဲဖြတ်ရန်  Shandong (ရှန်ဒေါင်း) ပြည်နယ်၊ Yantai (ယန်တိုင်) မြို့သို့ သွားရောက်စစ်ဆေးခဲ့ကြသည်။ ဤခရီးစဉ်သည် ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းများအတွက် ထိရောက်စွာဆက်လက်ဆောင်ရွက်နိုင်စေရန် တိုးတက်မှုကို အကဲဖြတ်ခြင်းနှင့် နောက်သုံးနှစ်အတွင်း တိုးချဲ့ရန်အတွက် လိုအပ်ချက်များကို ဆုံးဖြတ်ခြင်း တို့ကို အာရုံစိုက်ခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆိုအရ ပြည်ပတွင် ကမ္ဘောဒီးယား ပုဂ္ဂလိက ကူးသန်းရောင်းဝယ်ရေးစင်တာများ တည်ထောင်ခြင်း သည် ကမ္ဘောဒီးယားကုန်ပစ္စည်းများကိုပြသခြင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖလှယ်မှုများကို မြှင့်တင်ခြင်းနှင့် နိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒများအကြောင်း အသိပညာပေးခြင်းတို့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဤစင်တာများသည် နိုင်ငံတကာစီးပွားရေး ဆက်ဆံရေးကို နက်ရှိုင်းစေပြီး ဈေးကွက်အခွင့်အလမ်းအသစ်များ ရှာဖွေနေသော ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်များကို ပံ့ပိုးပေးရန် ကမ္ဘောဒီးယား၏ ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရှိရပါသည်။

Source: Khmer Times                                                         

DOCA(ရန်ကုန်)