
ကမ္ဘောဒီးယားနိုင်ငံ၊ အနောက်မြောက်ပိုင်းပြည်နယ်များရှိ စီးပွားရေးလုပ်ငန်းများကို ချိတ်ဆက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကွန်ရက်တိုးချဲ့မှုကို မြှင့်တင်ရန်အတွက် ဗီယက်နမ်နိုင်ငံ၊ Battambang ပြည်နယ်ရှိ ဗီယက်နမ်ကောင်စစ်ဝန်ရုံးချုပ်သည် Siem Rea ပြည်နယ်တွင် ကမ္ဘောဒီးယား-ဗီယက်နမ် စီးပွားရေးဖိုရမ် ၂၀၂၅ ကို ၂-၁၂-၂၀၂၅ ရက်နေ့က ကျင်းပခဲ့သည်။ ဖိုရမ်သို့ Battambang ပြည်နယ်ရှိ ဗီယက်နမ်ကောင်စစ်ဝန်ချုပ် Tran Tuan Anh၊ ဆီယမ်ရိပြည်နယ်၏ ဒုတိယအုပ်ချုပ်ရေးမှူး Yun Linn၊ အနောက်မြောက်ပိုင်း ပြည်နယ်များမှ စီးပွားရေးလုပ်ငန်းများ၊ ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ တက်ရောက်ခဲ့ကြသည်။ ဖိုရမ်၌ မိန့်ခွန်းပြောကြားရာတွင် Tran Tuan Anh က ကမ္ဘောဒီးယား-ဗီယက်နမ် စီးပွားရေးဖိုရမ် ၂၀၂၅ သည် အကျိုးတူပါဝင်သူများအတွက် ဆွေးနွေးမှုများပြုလုပ်နိုင်ရန် အချက်အလက်များကို တိကျစွာ အဆင့်မြှင့်တင်နိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပူးတွဲမြှင့်တင်နိုင်ရန် အခွင့်အရေးတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုဖိုရမ်သည် ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှ ပြည်နယ်များအတွက် စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှုနှင့် ပြည်တွင်းကုန်သွယ်ရေးတို့တွင် အလားအလာကောင်းများရှိပြီး ကမ္ဘောဒီးယား၏ စီးပွားရေးကွန်ရက်တွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း Tran Tuan Anh က ထပ်လောင်းပြောကြားခဲ့သည်။ Yun Linn က Siem Rea ပြည်နယ်သည် ခရီးသွားလုပ်ငန်းကဏ္ဍတွင် အလားအလာအရှိဆုံးဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ၎င်းသည် ကမ္ဘောဒီးယား၏ စီးပွားရေးတိုးတက်မှုအတွက် အရေးကြီးသော မောင်းနှင်အားတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ကမ္ဘောဒီးယား၏ အရေးကြီးသော ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုဥပဒေ အသစ်နှင့် ကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်အောက်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများလည်း အားကောင်းလာ နေကြောင်း ပြောကြားခဲ့သည်။ Yun Linn က စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူအား လုံးအနေဖြင့် စီးပွားရေးကွန်ရက်များတိုးချဲ့ရန်၊ အတွေ့အကြုံများဖလှယ်ရန်နှင့် မိတ်ဖက်အသစ်များရရှိရန် ဤရှားပါးသော အခွင့်အရေးကို ဆုပ်ကိုင်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)
