ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Mar 2025

         နှင်းသီးဟာ ကျန်းမာရေးကို အကျိုးပြုသလို စုံလင်စွာဖန်တီးမှီဝဲလို့ရတာမှန်ပေမယ့် ဘေးထွက်ဆိုးကျိုးတချို့လည်း ရှိနေပါတယ်။ နှင်းသီးပင်ရဲ့ အရွက်၊ အစေ့နဲ့ အမြစ်တွေမှာ ဆိုင်ယာနိုက်အဆိပ် ပမာဏ မြင့်မြင့်မားမားပါဝင်နေတာမို့ ဒီဟာတွေကိုတော့ ရှောင်ကျဉ်သင့်ပါသည်။

18 Mar 2025

            မအူပင်မြို့သည် ကျေးရွာအုပ်စု (၇၆)အုပ်စု ရှိပြီး ယခုအခါတွင် ကျေးရွာအုပ်စု ၃ပုံ ၂ပုံတွင် နွေစပါးနှင့် ရေကျနောက်စိုက် စပါးများစိုက်ပျိုးလျက်ရှိကြောင်း မအူပင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

18 Mar 2025

           စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၇.၃.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) အချိန်တွင် ခရိုင်/မြို့နယ်စိုက်ပျိုးထုတ် လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဌ၊ ခရိုင် / မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ်၊ ရွာသစ်အုပ်စု၌ ကျင်းပပြုလုပ်သော ဆီထွက်သီးနှံ ဆောင်းနေကြာ စံပြစိုက်ခင်းရိတ်သိမ်းပွဲသို့ တက်ရောက်ခဲ့ပါသည်။

18 Mar 2025

         သင်ဖြူးဖျာသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအသုံးအဆောင်ပစ္စည်းတစ်မျိုး ဖြစ်သကဲ့သို့ ဧရာဝတီတိုင်း အတွင်းရှိ ဒေသခံများအား အလုပ်အကိုင်အခွင့်အလမ်းများ အများဆုံး ဖန်တီးပေးနိုင်သော မိရိုးဖလာ လုပ်ငန်း တစ်ခုလည်းဖြစ်ပါသည်။ ကောက်ပဲသီးနှံများစိုက်ပျိုးပြီးစီး၍ အားလပ်သော အချိန်တွင် အပို အလုပ်အဖြစ် သင်ပင်များကိုစိုက်ပျိုး၍ သင်ဖြူးဖျာရက်လုပ်ခြင်း လုပ်ငန်းများကို  လုပ်ကိုင်နိုင်ပါသည်။ သို့သော် သင်ပင်သည် အခြားသော ကောက်ပဲသီးနှံတို့ကဲ့သို့ တစ်နှစ်တစ် သီးစား၊ နှစ်သီးစား စားရပြီးလျှင် သက်တမ်

18 Mar 2025

            ဆန်ကြာဇံသည် တရုတ်ရိုးရာအစားအစာ တစ်မျိုးဖြစ်ပြီး  ၁၉၃၀ ပြည့်နှစ်ဝန်းကျင်လောက် တွင် ထုတ်လုပ်မှုနည်းပညာကူးပြောင်းဖလှယ်၍ ဆန်ကြာဇံအသုံးပြုမှုမှာ မြန်မာနိုင်ငံသို့ရောက်ရှိလာခြင်း ဖြစ် ပါသည်။ စပါးကို ကြိတ်ခွဲလိုက်သည့်အခါ ထွက်ပေါ်လာသည့် ဆန်ကွဲများအား ဆန်ကွဲကို အခြေခံ အစားအစာများ၊ အရက် မုန့်ဟင်းခါးဖက် နှင့် ဆန်ကြာဇံ တို့ကိုလည်း ထုတ်လုပ် နိုင်ပါသည်။ ထို့ကြောင့် ဆန်ကြာဇံထုတ်လုပ်သော စက်ရုံအများစုသည် မြစ်ဝကျွန်းပေါ်ဒေသတွင် ရှိကြခြင်း ဖြစ်ပါသည်။

Pages